❮ Prev ရောမဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၂ သက်သာလောနိတ် Next ❯


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ (ပထမစောင်)
1 Thessalonians

အခန်းကြီး ၁

၁း၁ ပေါလုနှင့် သူ၏ အပေါင်းအဖော် တို့သည် အေဒီ ၅၀-ခု (A.D. 50) နွေဦးပိုင်း၌ သက်သာလောနိတ်မြို့ (Thessalonians) သို့ရောက်ခဲ့သည်။ သူတို့သည် ထိုမြို့၌ ပထမဆုံးသော ခရစ်ယာန် အသင်းတော်ကို တည်ထောင်နိုင် ခဲ့သော်လည်း သူတို့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု များကြောင့် ထိုမြို့မှ လျင်မြန်စွာ ထွက်ခွာသွားရသည် (တမန် ၁၇း၁-၁၀)။ ကောာရိန္တုမြို့ (Corinth) သို့ ရောက်သောအခါ၌ ပေါလုသည် ပထမဆုံး အခွင့်အလမ်း အနေဖြင့် တိမောသေ (Timothy) အား သက်သာလောနိတ်မြို့သို့ စေလွှတ်ပြီး အသစ်သော ယုံကြည်သူများ၏ အခြေအနေကို ကြည့်ရှုစေသည်။ တိမောသေသည် ပေါလုထံသို့ ကောင်းသော သတင်းကို ယူဆောင်လာခဲ့သည်။ ယင်းမှာ သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များသည် သူတို့၏ ယုံကြည်ခြင်း၌ ဆက်လက် ခိုင်မာလျက်၊ စည်းလုံးညီညွတ်လျက်ရှိသည်။ သို့သော် သူတို့၏ အသစ်သော ယုံကြည်ခြင်းနှင့် ပတ်သက်၍ မေးရန်မေးခွန်းများရှိသည်။ တိုတောင်းသော ခရီးစဉ်၌ ပေါလုသည် ထိုမေးခွန်းများ အားလုံးကို ဖြေဆို၍ မပြီးစဉ်တွင်ပင် မေးခွန်း အသစ်များ ထပ်မံ၍ ပေါ်လာသည်။ ထို့ကြောင့် ဤစာအားဖြင့် ပေါလုသည် သူတို့၏ မေးခွန်းများကို ဖြေကြားပြီး ခရစ်တော်၌ သူတို့၏ ယုံကြည်ခြင်းကို ထားရှိရန် တိုက်တွန်းထားသည်။

၁း၁ ပေါလုနှင့် ပတ်သက်၍ တမန်တော်ဝတ္ထု ၉ ၌ တွေ့နိုင်သည်။ တိမောသေနှင့် ပတ်သက်၍ တိမောသေ (ပထမစာစောင်) ၌ တွေ့နိုင်သည်။ သိလွှာနု (Silas) သည် ပေါလု၏ ဒုတိယ သာသနာပြု ခရီးစဉ်၌ ပေါလုနှင့်အတူ လိုက်ပါသွားခဲ့သည် (တမန် ၁၅း၃၆ – ၁၇း၁၅)။ သူသည် သက်သာလောနိတ်မြို့၌ အသင်းတော် တည်ထောင်ရာတွင် ပေါလုအား ကူညီခဲ့သည် (တမန်၁၇း၁-၉)။ သူ၏ အကြောင်းကို ဆက်လက် ဖတ်ရှုရန် ၂ ကော ၁း၁၉၊ ၂ သက် ၁း၁၊ ၁ ပေ ၅း၁၂၊ တမန် ၁၆။

၁း၁ သက်သာလောနိတ်မြို့သည် ရောမအင်ပါယာ (Roman Empire) မာကေဒေါနိပြည်နယ် (Macedonia State) ၏ အကြီးဆုံးသော မြို့တော်ဖြစ်သည် (လူဦးရေ ၂၀၀,၀၀၀)။ ရောမနှင့် အရှေ့ဘက် Oriental ကို ဆက်သွယ်ထားသော အရေးပါသည့် လမ်းမကြီးသည် သက်သာလောနိတ်မြို့ကို ဖြတ်သွားသည်။ ထိုလမ်းမကြီးနှင့် ထိုမြို့ရှိ ပင်လယ်ဆိပ်ကမ်းတို့သည် ထိုမြို့အား ရောမအင်ပါယာ၌ အချမ်းသာဆုံး၊ အစည်ကားဆုံး၊ စီးပွားရေး အချက်အခြာ ကျသောမြို့ ဖြစ်စေသည်။ ရောမ အုပ်ချုပ်သူတို့သည် သူ၏ အင်ပါယာ အတွင်း၌ ရှိသော အခြားမြို့များကဲ့သို့ မဟုတ်ဘဲ သက်သာလောနိတ်မြို့ကို လွတ်လပ်သောမြို့အဖြစ် သတ်မှတ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ပေးသည်သာမက ချုပ်ခြယ်မှုများကိုလည်း မထားရှိပေ။ ထိုမြို့သို့ ကမ္ဘာ အရပ်ရပ်မှ လူများ လာရောက်ကြသောကြောင့် သူတို့နှင့် ပါလာသော အခြားသော ယုံကြည် ကိုးကွယ်မှုများ၊ ထုံးတမ်း စဉ်လာများမှာ နုပျိုသော ခရစ်ယာန်များ၏ ယုံကြည်ခြင်းကို စိမ်ခေါ်လျက်ရှိသည်။

၁း၃ ညှင်းပန်းနှိပ်စက်မှုများကို ခံရစဉ်၌ သက်သာလောနိတ် ခရစ်ယာန်တို့သည် ခိုင်မာစွာရပ်တည် ခဲ့ကြသည် (၁း၆၊ ၃း၁-၄၊ ၇)။ ပေါလုမှ ထိုသူတို့အား ယုံကြည်ခြင်းမှ ပေါက်ဖွားလာသော လုပ်ဆောင်မှု၊ မေတ္တာတရားမှ နှိုးဆွသော လုပ်ကိုင်မှု၊ မျှော်လင့်ခြင်း၌ ပြည့်ဝသော သည်းခံစောင့်ဆိုင်းမှု တို့ကို လုပ်ဆောင်ရန် ပြောခဲ့သည်။ ယင်းတို့သည် ထိရောက်ထက်မြက်သော ခရစ်ယာန်တို့၏ အမှတ်သညာများ ဖြစ်ကြသည်။

၁း၅ ဧဝံဂေလိတရား (Gospel) သည် တန်ခိုးနှင့် ရောက်လာသော အခါတွင် သက်သာလောနိတ်မြို့သားများ အပေါ်၌ လွန်စွာ ထိရောက်မှု ရှိသည်။ မည်သည့် အချိန်၌ မဆို ကျမ်းစားကို ကြားသိလိုက်လျှော်သော အခါ၌ အသက်တာတို့သည် ပြောင်းလဲရသည်။ ခရစ်ယာန်ဘာသာသည် စိတ်ဝင်စား စရာကောင်းသော အချက်များ စုစည်းထားသော ဘာသာ ဖြစ်သည်သာမက ယုံကြည်သော သူအားလုံးအတွက် ဘုရားရှင်၏ တန်ခိုးလည်းဖြစ်သည်။ သင်သည် ပထမဦးဆုံးအကြိမ် ယုံကြည်ပြီးသည်နှင့် ဘုရားရှင်၏ တန်ခိုးတော်သည် သင်၏ အသက်တာ၌ မည်သည့်အရာတို့ကို လုပ်ဆောင်ပြီးခဲ့ပါပြီနည်း။

၁း၅ လူတို့သည် ဧဝံဂေလိတရားကို ယုံကြည်သော အခါ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူတို့ကို ပြောင်းလဲမှု ဖြစ်စေသည်။ ကျွန်ုပ်တို့သည် အခြားသူများအား ခရစ်တော်အကြောင်းကို ပြောသောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်ကို အားကိုးရမည်။ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသူတို့၏ ဝိညာဉ်မျက်စိကို ဖွင့်ပေးပြီး ထိုသူတို့အား ကယ်တင်ခြင်း လိုအပ်ကြောင်းကို ထိုသူတို့၏ စိတ်တွင်း၌ သိရှိလက်ခံ လာအောင် လုပ်ဆောင်ပေး၍ဖြစ်သည်။ ဘုရားရှင်၏ တန်ခိုးတော်သည် လူတို့အားပြောင်းလဲစေသည်။ ထိုသို့ပြောင်းလဲခြင်းမှာ ကျွန်ုပ်တို့၏ တော်မှု၊ တတ်မှု၊ ဆွဲဆောင်နိုင်မှုတို့ကြောင့် မဟုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှု မပါရှိလျှင် ကျွန်ုပ်တို့ ပြောသော စကားများသည် အဓိပ္ပါယ်မဲ့ ဖြစ်ရသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့အား အပြစ်ကို ဖော်ပြသည့်အပြင် ဧဝံဂေလိတရား၏ မှန်ကန်ခြင်း အပေါ်၌ စိတ်ချမှုကို ဖြစ်စေသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်၍ ဆက်လက် ဖတ်ရှုရန် ယောဟန် ၁၄း၂၃-၂၆၊ ၁၅း၂၆-၂၇၊ ၃၆၊ တမန် ၁း၅။

၁း၅ ‘ငါတို့သည် သင်တို့နှင့်အတူ နေသောအခါ သင်တို့အတွက် အဘယ်သို့သောသူ ဖြစ်သည်ကို သင်တို့ သိကြသည်’ ပေါလု (Paul)၊ သိလွှနု (Silas)၊ တိမောသေ (Timothy) တို့သည် သူတို့ ပြောကြားသည့် အတိုင်း အသက်ရှင်ကြသည်ကို သက်သာလောနိတ်မြို့သားတို့သည် တွေ့မြင်ကြ သောကြောင့် သူတို့ပြောကြားသော စကားများသည် မှန်ကန်သည်ဟု ထိုမြို့သားတို့သည် ယုံကြည်ကြသည်။ သင်၏ အသက်ရှင်မှုသည် သခင်ခရစ်တော် ယုံကြည် ပါသည်ဟု ပြောဆိုသော အရာအတိုင်း ဖြစ်ပါသလား (သို့) အပြောနှင့်အလုပ် မညီမှုများ ဖြစ်နေပါသလား။

Continue… » »


❮ Prev ရောမဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၂ သက်သာလောနိတ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.