❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၆

၆း၅-၇ ယေရှုက ဖိလိပ္ပု (Philip) အား မည်သည့်နေရာ၌ စားစရာ မုန့်များကို ဝယ်နိုင်သနည်းဟု မေးသောအခါ၌ ဖိလိပ္ပုသည် မည်မျှ ကုန်ကျမည်ကို စတင်၍ တွက်ခဲ့သည်။ ယေရှုမှ သင်ခန်းစာ ပေးလိုသည်မှာ ငွေကြေးသည် အဓိက အကျဆုံးသော အရာမဟုတ်ကြောင်း အချက်ဖြစ်သည်။ မည်သည့်အရာသည် ဖြစ်နိုင်သည်၊ မည်သည့်အရာသည် မဖြစ်နိုင်ဟူသော ကျွနု်ပ်တို့ ကြိုတင်တွေးဆ ထားချက် များဖြင့် ဘုရားသခင်၏ ကျွန်ုပ်တို့ အသက်တာ၌ လုပ်ကိုင်နိုင်သော အရာများကို ကျွန်ုပ်တို့က ကန့်သတ်လေ့ ရှိတတ်ကြသည်။ သင်၌ မဖြစ်နိုင်ဟု ခံယူထားသော ဘုရားသခင်က သင့်အားပြခဲ့သော လုပ်ဆောင်စေလိုသော အရာရှိပါသလား။ မဖြစ်နိုင်ပါဟူသော စိတ်၏ တွေးဆချက်သည် သင့်အား ထိုအလုပ်ကို လုပ်ဆောင်ခြင်းမှ တားဆီးရာ မဖြစ်ပါစေနှင့်။ ဘုရားသခင်သည် အံ့သြဖွယ် အရာများကို ပြုလုပ်နိုင်သောကြောင့် သင်၌လိုအပ်သော အရာများကို ဘုရားသခင်က ပေးနိုင်ကြောင်း ယုံကြည်ပါ။

၆း၅ အကယ်၍ ထိုနေရာ၌ အစားအသောက်သည် မည်သည့်နေရာ၌ ရရှိနိုင်မည်ကို သိမည့်သူမှာ ဖိလိပ္ပု (Philip) ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖိလိပ္ပုသည် ဗက်ဇဲဒမြို့ (Bethsaida) သားဖြစ်သည် (၁း၄၄)၊ ယေရှုသည် ဖိလိပ္ပု၏ ယုံကြည်ခြင်းကို စမ်းလို၍ဖြစ်သည်။ လူတို့အားဖြင့် ဤပြဿနာ မဖြေရှင်း နိုင်ခြင်းကို ပေါ်လွင်စေခြင်းအားဖြင့် ယေရှုသည် လွန်စွာအံ့သြဖွယ်ကောင်းသော လုပ်ဆောင်ချက်ကိုပို၍ ထင်ရှားစေခဲ့သည်။

Continue… »»


❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.