❮ Prev . . . အခန်းကြီး ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၇

၇း၂ သကေန (Tabernacle) ပွဲတော်နှင့် ပတ်သက်၍ ဝတ်ပြုရာကျမ်း ၂၃း၄၃ ၌ ဖော်ပြထားသည်။ ဤပွဲတော်သည် ပဿခါ (Passover) ပွဲတော် (ယော ၆း၂-၅) ကျင်းပပြီး (၆) လ အကြာ၌ ကျင်းပခဲ့သည်။ ဤပွဲသည် ဣသရေလ (Israel) လူမျိုးတို့ တော၌ လည်ပတ်ပြီး တဲထိုး၍ နေခဲ့ရခြင်းကို သတိရစေသည် (ဝတ်ပြုရာကျမ်း ၂၃း၄၃)။

၇း၃-၅ ယေရှု၏ ညီအစ်ကိုများပင်လျှင် ယေရှုအား ယုံကြည်ရန် ခက်ခဲခဲ့ကြသည်။ နောက်ဆုံး၌ အချို့သော ညီအစ်ကိုများသည် အသင်းတော်၌ ခေါင်းဆောင်များ ဖြစ်လာခဲ့သည်။ (ဥပမာ ယာကုပ် James) သို့သော်လည်း ထိုညီအစ်ကိုတို့သည် နှစ်ပေါင်းများစွာပင် ယေရှုအတွက် အရှက်ရခဲ့လေသည်။ ယေရှုသည် သေဆုံးပြီးနောက် ရှင်ပြန် ထမြောက် သောအခါ၌ သူတို့သည် ယေရှုအား ယုံကြည် လာခဲ့ ကြသည်။ ယခုအချိန်၌ ကျွန်ုပ်တို့သည် ယေရှုအား ယုံကြည်စရာ အကြောင်း အပြည့်အစုံ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၌ ယေရှုပြုခဲ့သော အံ့သြဖွယ်အမှုများ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း မှတ်တမ်းများ ရှိနေပြီဖြစ်သည်။ ယေရှု၏ သတင်းကောင်းသည် လူတို့၏ အသက်တာ၌ နှစ်ပေါင်းများစွာ မည်သို့လုပ်ဆောင်ခဲ့ကြောင်း သာဓကများလည်း ရှိသည်။ ထို့ကြောင့် ဘုရားရှင်၏ သားတော်ကို ယုံကြည်ရန် အခွင့်အလမ်းအား လက်မလွှတ် စေသင့်ပါ။

Continue… »»


❮ Prev . . . အခန်းကြီး ၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.