❮ Prev . . . အခန်းကြီး ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၎

၎း၂၁-၂၄ ‘ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏’ ဆိုလိုချက်မှာ ဘုရားသခင်အား နေရာဒေသ အားဖြင့် သတ်မှတ်၍မရပါ။ သူသည် နေရာတိုင်း၌ ရှိပြီး သူ့အား နေရာတိုင်း၊ အချိန်နာရီတိုင်း၌ ဝတ်ပြုနိုင်သည်။ ဝတ်ပြုသည့်နေရာသည် အရေးကြီးသည် မဟုတ်။ သူ့အား မည်သို့ ဝတ်ပြုခြင်းက ပို၍ အရေးကြီးသည်။ သင်၏ကိုးကွယ် ဝတ်ပြုခြင်းသည် စစ်မှန်သော ကိုးကွယ်ဝတ်ပြုခြင်း ဖြစ်ပါသလား။ သင်၌ သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ကူညီမှု ရှိပါသလား။ ကိုးကွယ် ဝတ်ပြုခြင်း၌ သန့်ရှင်းသော ဝိညာဉ်တော်က မည်သို့ ကူညီပေးပါသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့အတွက် ဆုတောင်းပေးသည် (ရော ၈း၂၆)။ နှုတ်ကပတ်တော်ကို သင်ကြားပေးသည် (၁၄း၂၆)။ ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာကို ခံစားရသော သူများဖြစ်ကြောင်း သိစေသည် (ရော ၅း၅)။

၎း၂၂ ‘ယုဒ (Judah) လူတို့၌ ကယ်တင်ခြင်း အကြောင်းရှိ၏’ အဓိပ္ပါယ်မှာ ယုဒမျိုးနွယ်တွင် ပေါ်ထွန်းမည့် မေရှိယ (Messiah) အားဖြင့် တစ်ကမ္ဘာလုံးသည် ကယ်တင်ခြင်း ရရှိမည်ဖြစ်သည်။ ဘုရားသခင်မှ ကတိထားတော် မူသည်မှာ ယုဒအမျိုးအနွယ်အားဖြင့် တစ်ကမ္ဘာလုံးသည် ကောင်းချီး ခံစားရမည် (က ၁၂း၃)။ ဓမ္မဟောင်း ပရောဖက် (Prophet) များသည် ယုဒလူတို့အား အခြားသော တိုင်းနိုင်ငံတို့အတွက် အလင်းဖြစ်ရန်၊ ဘုရားသခင်၏ နက်နဲလှသော အသိတရားသို့ သွေးဆောင်ပေးရန်နှင့် မေရှိယသည် ဤလူမျိုးမှ ဆင်းသက် မည်ဖြစ်ကြောင်းကို ကြိုတင်မှန်းဆခဲ့သည်။ ဤအမျိုးသမီးသည် အထက်ပါ အချက်များကို သိရှိပြီး မေရှိယအား စောင့်စားနေသူ ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း သူမသည် မေရှိယနှင့် စကားပြော နေကြောင်းကို မရိပ်စားမိပေ။

Continue… »»


❮ Prev . . . အခန်းကြီး ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.