❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၂

၂း၁-၂ ယေရှုသည် ကမ္ဘာကြီးအား ကယ်တင်ရန် လာခဲ့သည်။ ထိုခရီးသည် လူမျိုးတို့၏ သမိုင်း၌ အကြီးမြတ်ဆုံးသော ခရီးစဉ်ဖြစ်သည်။ ယေရှုသည် မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်များသို့ သွားရောက်ရန် အချိန်ယူခဲ့သည်။ ကျွန်ုပ်တို့သည် အရေးကြီးသော လူမှုရေးပွဲလုပ်ငန်းများ၌ မပါဝင်သင့် ဟုထင်မြင်တတ်ကြသည်။ သို့သော် ထိုလူမှုရေး လုပ်ငန်းများသည် ကျွန်ုပ်တို့၏ သာသနာ တစိတ်တဒေသ ဖြစ်နိုင်သည်။ ယေရှုသည် ထိုကဲ့သို့ မင်္ဂလာဆောင်၊ ပွဲလမ်းသဘင်များကို တန်ဖိုးထားသည်။ အဘယ်ကြောင့်ဆိုသော် ပွဲလမ်းသဘင်တို့၌ လူတို့သည် ပါဝင်တတ်ကြပြီး ထိုသူများအတွက် ယေရှုလာရောက်ခြင်း လည်းဖြစ်သည်။ သူများနှင့် အတူတကွ ပျော်ရွှင်သော အချိန်များ၌လည်း ကျွန်ုပ်တို့၏ သာသနာ့ လုပ်ငန်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်။ သင်သည် ယေရှုအား ပျော်ရွှင်စရာ ကောင်းသောအချိန်၌ လည်းကောင်း၊ အလုပ် လုပ်ကိုင်နေသော အချိန်၌ လည်းကောင်း၊ ခေါ်ပင့်နိုင်အောင် သင်၏အသက်တာကို ချင့်ချိန်လုပ်ဆောင်ပါ။

၂း၁-၃ ယေရှုအချိန်၌ မင်္ဂလာဆောင်ပွဲသည် တစ်ပတ်မျှ ကြာမြင့်သည်။ ဧည့်သည်အများတို့အတွက် စားစရာများကို ပြင်ဆင်ရပြီး ထိုဧည့်သည်တို့သည် ညားခါစ ဇနီးမောင်နှံတို့နှင့် အတူ တစ်ပါတ်တာမျှ ပွဲကျင်းပလေ့ရှိကြသည်။ မြို့တစ်မြို့လုံးအား မင်္ဂလာပွဲသို့ ဖိတ်လေ့ရှိပြီး မြို့လုံးကျွတ် မင်္ဂလာပွဲသို့ တက်ရောက်သည်။ မင်္ဂလာပွဲသို့ မတက်ရောက်ခြင်းသည် ရိုင်းစိုင်းခြင်းဖြစ်သည်။ ထိုသူများ အားလုံးအတွက် စီစဉ်ရာတွင် စနစ်ကျဖို့လိုသည်။ စပျစ်ရည် ကုန်ခြင်းသည် အရှက်တကွဲ ဖြစ်ရုံသာမကဘဲ လာရောက်သော သူများအပေါ် ဧည့်ဝတ်မကျေရာ ရောက်သည်။ ယေရှုသည် ထိုအချိန်၌ လွန်စွာ လိုအပ်နေသော စပျစ်ရည်ကို ပေးတော့မည်ဖြစ်သည်။

Continue… »»

❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.