❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၃
၃း၂၇ ယေရှု၏ သာသနာပြု လုပ်ငန်းစတင်နေချိန်၌ နှစ်ခြင်းဆရာ ယောဟန် (John the Baptist) သည် အဘယ်ကြောင့် ဆက်လက်၍ နှစ်ခြင်းပေးနေပါသနည်း။ သူသည် အဘယ်ကြောင့် တမန်တော်တစ်ပါး မဖြစ်လာရပါသနည်း။ ယောဟန်က ဘုရားရှင်သည် သူ့အား ထိုအလုပ်ကို အပ်နှင်းထားသည်ဖြစ်၍ ဘုရားရှင်က သူ့ အား အခြားအလုပ်ကို ပြောင်းလုပ်ရန် ညွှန်ကြားခံရ ချိန်အထိ ထိုအလုပ်ကို ဆက်လက်လုပ်ဆောင် ရမည်ဖြစ်သည်။ ယောဟန်၏ အဓိက ရည်မှန်းချက်မှာ လူတို့အား ခရစ်တော်ထံပို့ရန် ညွှန်ပြရန်ဖြစ်သည်။ ယေရှုသည် သူ၏ သာသနာလုပ်ငန်းကို စတင်နေသည့်တိုင် ယောဟန်က လူတို့အား ခရစ်တော်ထံသို့ ဆက်လက်ပို့ဆောင် နိုင်သေးသည်။
၃း၃၀ ဤကျမ်းပိုဒ်၌ ယောဟန်၏ လွန်စွာနှိမ့်ချသော သဘောကို ဖော်ပြထားသည်။ သင်းအုပ်ဆရာများ၊ ဘာသာရေး ခေါင်းဆောင်များသည် ခရစ်တော်ထက် မိမိတို့၏ သာသနာလုပ်ငန်း အောင်မြင်မှုများအပေါ် ပို၍အာရုံစိုက် တတ်သော သဘောရှိတတ်သည်။ ဘုရားရှင်၏ နိုင်ငံတော်ထက် မိမိတို့၏ အောင်မြင်မှုများကို ပို၍အလေး ပေးတတ်သည်။ ထိုသူများကိုသတိပြုပါ။
❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯