❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၇
၇း၃၈ ယေရှုက ၄း၁၀ ၌ ‘ထာဝရအသက်’ အား အသက်ရေအဖြစ် ပြောခဲ့သည်။ ဤကျမ်း၌ အသက်ရေသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဆိုလိုသည်။ အမှန်အားဖြင့်ဆိုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် ထာဝရအသက်ကို ပေးဆောင်သည်။ ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်၍ အခန်း ၁၄-၁၆ တို့၌ ပို၍ သင်ကြားခဲ့သည်။ ပင်တေကုတ္တေနေ့ (Pentecost) ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နောက်တော်သို့ လိုက်သောသူများအား ခွန်အားတန်ခိုးနှင့် ပြည့််စုံစေသည်။ ထိုတန်ခိုးတော်သည် ထိုအချိန်မှစ၍ ယေရှုအား ကယ်တင်ရှင်အဖြစ် ယုံကြည်သောသူ အားလုံးအတွက် ဖြစ်သည်။
၇း၄၀-၄၄ လူများတို့သည် ယေရှု မည်သူမည်ဝါ ဖြစ်ကြောင်း မေးခွန်းအမျိုးမျိုး ထုတ်ခဲ့ကြသည်။ လူအချို့တို့သည် သူ့ကို ယုံကြည်ခဲ့ကြသည်။ အချို့တို့သည် မနာလို မုန်းတီးကြသည်။ အချို့တို့က ယေရှုသည် နာဇရက်မြို့ (Nazareth) သား (ဗက်လင်မြို့ (Bethlehem) သား မဟုတ်သောကြောင့်) ဖြစ်သောကြောင့် မေရှိယ (Messiah) မဖြစ်နိုင်ဟု သတ်မှတ်ခဲ့သည်။ (မိက္ခာ ၅း၂) ယေရှုသည် ဗက်လင်မြို့၌ မွေးခဲ့သော်လည်း (လု ၂း၁-၇) နာဇရက်မြို့ ၌ ကြီးပြင်းခဲ့သည်။ ဤအချက်ကို ထိုသူတို့ သတိမမူမိခဲ့ပေ။ သင်သည် ဘုရားသခင်၏ အမှန်တရားကို ရှာဖွေသောအခါ၌ ကျမ်းစာအား စိတ်နှလုံးတံခါးကို ဖွင့်ပြီး စေ့စပ်စွာ အတွေးအခေါ် ပြည့်ဝစွာနှင့် ရှာဖွေဖတ်ရှုလေ့လာပါ။ ကျမ်းစွာ၌ ဖော်ပြထားသော အရာများကို ပြည့်စုံစွာ မသိရှိခင် စောစီးစွာ ဆုံးဖြတ်ချက် မချသင့်ပါ။
❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯