❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၈
၈း၁၃-၁၄ ဖာရိရှဲ (Pharisees) တို့သည် ယေရှုအား စိတ်မမှန်သူ၊ လိမ်ညာသောသူ ဟု ထင်ခဲ့ကြသည်။ ယေရှုက သူသည် မှန်ကန်သောအရာများကို ပြောနေကြောင်း ဖော်ပြခဲ့သည်။ ဖာရိရှဲတို့သည် ထိုမှန်ကန်သော အရာများကို ငြင်းဆန်ခဲ့သောကြောင့် ယေရှုအား မေရှိယ (Messiah) သခင်အဖြစ် သတိမပြု ခဲ့ကြပေ။ သင်သည် ယေရှု မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိရန် ရှာဖွေနေလျှင် ရိုးသားစွာ မလေ့လာဘဲ သင်၏ စိတ်နှလုံး တံခါးကို မပိတ်ထားပါနှင့်၊ စိတ်နှလုံး တံခါးတို့ကို ဖွင့်ထားခြင်းအားဖြင့်သာ ယေရှုသည် မေရှိယသခင် ဖြစ်ကြောင်း သင်သိပေလိမ့်မည်။
၈း၁၃-၁၈ ယေရှုတွင် လူဘက်၌ မျက်မြင်သက်သေ မရှိသောကြောင့် သူ၏ ပြောဆိုချက်များသည် တရားဥပဒေ အရ မှန်ကန်ခြင်းမရှိဟု ဖာရိရှဲတို့သည် ငြင်းခဲ့ကြသည်။ ယေရှုက သူ၏သက်သေသည် ဘုရားရှင် ကိုယ်၌ပင် ဖြစ်ကြောင်း ပြန်လည်ပြောခဲ့သည်။ ယေရှုနှင့် ခမည်းတော်ပေါင်းလျှင် သက်သေနှစ်ဦး ဖြစ်သောကြောင့် ဥပဒေအရ လိုအပ်သော သက်သေ အရေအတွက် ပြည့်စုံလာသည် (တရား ၁၉း၁၅)။
❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯