❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၃
၁၃း၁ ယေရှုသည် တမန်တော်တစ်ပါးက သူ့အား အပ်နှံ ငြင်းပယ်လိမ့်မည်။ တမန်တော်အားလုံးက တစ်ချိန်၌ စွန့်ခွာလိမ့်မည်ကို သိသည်။ သို့သော်လည်း ယေရှုသည် သူ၏မေတ္တာကို အဆုံးတိုင်အောင် ပြခဲ့သည်။ ယေရှုက သူ၏ တမန်တော်တို့ကို သိသည့်အတိုင်း ဘုရားသခင်က ကျွန်ုပ်တို့၌ရှိသော အလုံးစုံကို သိတော်မူ၏ (၁၂း၂၄-၂၅၊ ၆း၆၄)။ ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော အပြစ်များကို သိသကဲ့သို့ ကျွန်ုပ်တို့ ပြုလုပ်နိုင်လိမ့်မည် ဖြစ်သော အပြစ်များကိုလည်း သူသိသည်။ သို့သော် သူသည် ကျွန်ုပ်တို့ကို ချစ်တော်မူလျက်ရှိသည်။ ထိုကဲ့သို့သော ချစ်ခြင်းမေတ္တာကို သင်သည် မည်ကဲ့သို့ တုန့်ပြန်မည်နည်း။
၁၃း၁ အခန်းကြီး ၁၃-၁၇ တို့တွင် ယေရှုက တမန်တော်များအား သူသေဆုံးမည့် တစ်ညအလို၌ ပြောသောစကားများကို ဖော်ပြထားသည်။ ထိုစကားများကို ထိုတစ်ညတည်း၌ တမန်တော်များကိုသာ ပြောခဲ့သည်။ ယေရှု၏ သေဆုံးခြင်း၊ ရှင်ပြန်ထမြောက်ခြင်းသည် တမန်တော်တို့၏ အသက်တာကို ပြောင်းလဲစေသည်။
❮ Prev . . . ၁၁ ၁၂ အခန်းကြီး ၁၃ ၁၄ ၁၅ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯