❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၄

၁၄း၂၁ ယေရှုမှ ပြောခဲ့သည်မှာ နောက်တော်သို့ လိုက်သောသူများသည် သူ့အား နာခံခြင်းအားဖြင့် သူတို့၏ ယေရှုအပေါ် ချစ်ခြင်းကို ပြသည်။ ချစ်ခြင်းသည် ချစ်စရာကောင်းသော စကားလုံးမျှသာ မဟုတ်ပါ။ ချစ်ခြင်းသည် ဆက်ကပ်အပ်နှံခြင်း၊ လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။ သင်သည် ခရစ်တော်ကို ချစ်လျှင် သူ၏ စကားများကို နာခံခြင်းအားဖြင့် သင်၏ချစ်ခြင်းကို သက်သေဖြစ်စေပါ။

၁၄း၂၂-၂၃ တမန်တော်တို့သည် ယေရှုက လောကီနိုင်ငံတော် တည်ထောင်ရန်နှင့် ရောမတို့ (Romans) အား တော်လှန်ရန် မျှော်လင့်ခဲ့သည်။ ထိုသို့ မျှော်လင့် သောကြောင့်လည်း ယေရှုက သူသည် မေရှိယ (Messiah) ဖြစ်ကြောင်းကို ကမ္ဘာကြီးအား မပြောခဲ့ခြင်းအတွက် နားမလည်နိုင် ရှိခဲ့ကြသည်။ လူအားလုံးတို့သည် ယေရှု၏ ပြောကြားချက်များကို နားမလည်နိုင်ခဲ့ပါ။ ပင်တေကုတ္တေပွဲနေ့ (Pentecost) မှစ၍ နိုင်ငံတော်နှင့် ပတ်သက်သည့် သတင်းကောင်းကို ကြော်ငြာခဲ့သော်လည်း လူအားလုံးတို့သည် နားမလည်နိုင်ခဲ့ကြပါ။ ယေရှုသည် သူ၏ နက်နဲသော အရာများကို သူ့အားချစ်သော၊ နာခံသောသူများအား ဖော်ပြလေ့ရှိသည်။

Continue… » »


❮ Prev . . . ၁၂ ၁၃ အခန်းကြီး ၁၄ ၁၅ ၁၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.