❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၅

၁၅း၁ စပျစ်ပင် (Grapes) သည် လွန်စွာအသီး သီးစေတတ်သော အပင်ဖြစ်ပြီး အနွယ်တစ်ခုက များစွာသော စပျစ်သီးကို သီးသည်။ ဓမ္မဟောင်းကျမ်း၌ စပျစ်ပင်သည် ဣသရေလ (Israel) လူမျိုးတို့က ဤကမ္ဘာ၌ ဘုရားရှင်၏ လုပ်ငန်း မြောက်မြားစွာကို လုပ်ဆောင်ခြင်း ပုံသဏ္ဌာန်ကို ဆောင်သည် (ဆာ ၈၀း၈၊ ဟေရှာယ ၅း၁-၇၊ ယေဇကျေလ အနာဂတ္တိကျမ်း ၁၉း၁၀-၁၄)။ ပဿခါစားပွဲ (Passover) ၌ စပျစ်နွယ်၏ အသီးသည် ဘုရားရှင်က သူ၏လူများအပေါ် ကောင်းမြတ်ခြင်း သဏ္ဌာန်ကိုဆောင်သည်။

၁၅း၁ ခရစ်တော်သည် စပျစ်နွယ်ဖြစ်သည်။ ဘုရားရှင်သည် ဥယျာဉ်စောင့်ဖြစ်ပြီး အကိုင်းအခက်များမှ အသီးများကို သီးစေသူလည်း ဖြစ်သည်။ အကိုင်းအခက်များသည် ခရစ်တော်၏ နောက်တော်သို့ လိုက်သောသူများ ဖြစ်သည်။ အသီးသီးသော အကိုင်းအခက်များသည် ခရစ်တော်နှင့် အတူအသက်ရှင်၍ အသီးကိုသီးသော စစ်မှန်သည့် ယုံကြည်သူများ ဖြစ်သည်။ သို့သော် အသီးမသီးသော သူများ (တစ်နည်းအားဖြင့် အပေါ်ယံမျှသာ ဆက်ကပ်ပြီးနောက် ခရစ်တော်ထံမှ ကျောခိုင်းသူများ)သည် စပျစ်နွယ်ထံမှ ဖယ်ရှားခြင်းကို ခံရမည်။ အသီးကို မသီးသော နောက်တော်သို့ လိုက်သောသူများသည် သွေ့ခြောက်သော အခက်ကဲ့သို့ ဖြစ်ပြီး ဖြတ်ထုတ်၍ စွန့်ပစ်ခြင်းခံရမည်။

Continue… »»


❮ Prev . . . ၁၃ ၁၄ အခန်းကြီး ၁၅ ၁၆ ၁၇ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.