❮ Prev . . . ၁၄ ၁၅ အခန်းကြီး ၁၆ ၁၇ ၁၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၆
၁၆း၁၆ ယေရှုက သူ၏ သေဆုံးခြင်းသည် နာရီပိုင်းမျှသာ ဝေးကွာတော့သည်။ သုံးရက်မြောက် သောနေ့၌ ရှင်ပြန်ထမြောက်မည်ကို ရည်ညွှန်းခဲ့သည်။
၁၆း၂၀ တမန်တော်တို့နှင့် လောကသားများ ကွာခြားမှုကို ထင်ရှားစွာတွေ့နိုင်သည်။ တမန်တော်တို့ ပူဆွေးသောအချိန်၌ လောကသားတို့သည် ဝမ်းမြောက်ခဲ့ကြသည်။ သို့သော် ၃ ရက်မြောက်သောနေ့၌ တမန်တော်တို့သည် ယေရှုအား ပြန်လည်တွေ့ဆုံ ရပြီး ဝမ်းမြောက်ခဲ့ရသည်။ ဘုရားရှင်၏ တန်ဖိုးထားမှုများသည် ဆန့်ကျင်ဘက် ဖြစ်လေ့ရှိသည်။ ထိုအချက်သည် ခရစ်ယာန်တို့အား လောကသားများနှင့် မကိုက်ညီသကဲ့သို့ ခံစားစေသည်။ သို့သော် ယခုအချိန်၌ ကျွန်ုပ်တို့၏ အသက်တာသည် ခက်ခဲနေသော်လည်း တစ်နေ့၌ ကျွန်ုပ်တို့သည် ရွှင်လန်းဝမ်းမြောက် ရလိမ့်မည်။ သင်သည် အနာဂတ်ကာလနှင့် ဘုရားရှင်၏ ကတိတော်များ၌အာရုံပြုပါ။
၁၆း၂၃-၂၇ ယေရှုက ဘုရားရှင်နှင့် ယုံကြည်သော သူများအကြား အသစ်သော ဆက်သွယ်ရေး လမ်းကြောင်းကို ပြောနေသည်။ အတိတ်ကာလ၌ လူတို့သည် ယဇ်ပရောဟိတ် (Priest) များအားဖြင့် ဘုရားရှင်ထံ ချဉ်းကပ်ကြသည်။ ယေရှု ရှင်ပြန်ထမြောက် ပြီးနောက်တွင် ယုံကြည်သူ များသည် ဘုရားရှင်နှင့် တိုက်ရိုက်ချဉ်းကပ် နိုင်သည်။ အသစ်သော နေ့သည် ပေါ်ထွန်းလာပြီးနောက် ယခုအချိန်၌ ယုံကြည်သူတိုင်းသည် ယဇ်ပရောဟိတ်များ ဖြစ်ပြီး ဘုရားရှင်နှင့် အတွင်းကျကျ တိုက်ရိုက်ဆက်သွယ်နိုင်သည် (ဟေဗြဲ ၁၀း၁၉-၂၃)။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများကြောင့် ကျွန်ုပ်တို့သည် ဘုရားရှင်နှင့် နီးစပ်နိုင်ခြင်း မဟုတ်ပါ။ ယေရှုတည်းဟူသော အမြင့်ဆုံးသော ယဇ်ပရောဟိတ်မင်း (High Priest) အားဖြင့် ကျွန်ုပ်တို့ကို ဘုရားရှင်က လက်ခံနိုင်ဖွယ်ရာဖြစ်သည်။
❮ Prev . . . ၁၄ ၁၅ အခန်းကြီး ၁၆ ၁၇ ၁၈ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯