❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၇
၁၇း၁ ဤကျမ်းပိုဒ်၌ ယေရှု၏ ဆုတောင်းခြင်းကို ဖော်ပြထားသည်။ စာတန် (Satan) ၏ တန်ခိုးနှင့် ဘုရားရှင်၏ အာဏာတော်တို့သည် အင်အားပြိုင်သော အခါ၌ ဤလောကကြီးသည် ကြီးမားသော စစ်မြေပြင်ကဲ့သို့ ဖြစ်ရသည်။ စာတန်နှင့် သူ၏ အင်အားစုမျာသည် ခရစ်တော်နှင့် ခရစ်တော်၏ အင်အားစုများအပေါ် မုန်းတီးမှုများအပေါ်၌ အခြေခံသည်။ ယေရှုသည်သူ၏ တမန်တော်များ ယေရှု၏ နောက်တော်သို့ ယနေ့အချိန်အခါ၌ လိုက်သောသူများ အတွက် ဆုတောင်းခဲ့သည်။ ယေရှုက ဆုတောင်းခဲ့သည်မှာ ဘုရားသခင်သည် သူရွေးချယ်ထားသော ယုံကြည်သူများအား စာတန်၏ တန်ခိုးမှ လုံခြုံမှုရှိစေရန် သန့်ရှင်းမြင့်မြတ်သော သူများဖြစ်လာအောင် ခွဲခြားပြုပြင်ရန် ဘုရားသခင်၏ သမ္မာတရားနှင့် တလုံးတဝတည်း ရှိရန်ဖြစ်သည်။
၁၇း၃ ကျွန်ုပ်တို့သည် ထာဝရအသက်တာကို မည်ကဲ့သို့ ရရှိနိုင်ပါမည်နည်း။ ယေရှုမှ ရှင်းလင်းပြောခဲ့သည်မှာ ယေရှုခရစ်အားဖြင့် ခမည်းတော်ကို သိကျွမ်းခြင်းဖြင့်သာ ရရှိနိုင်သည်။ ထာဝရ အသက်တာကို ရရှိရန်မှာ ယေရှုခရစ်အားဖြင့် ဘုရားရှင်နှင့် ရင်းနှီးစွာ မိဿဟာယ ပြုရန်လိုသည်။ ကျွန်ုပ်တို့သည် အပြစ်များကို ဝန်ခံလျက် ရှောင်ခွာပြီးသော အချိန်၌ ခရစ်တော်၏ မေတ္တာသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ အတွင်း၌တည်ရှိသည်။
❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯