❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၈

၁၈း၃ ဂျူးလူမျိုး (Jewish) ဘာသာရေး ခေါင်းဆောင်များအား ရောမလူ (Romans) တို့က သေးငယ်သော အမှုများ၌ မပါဝင်စေသော်လည်း ဗိမာန်တော်တို့ကို စောင့်သော စစ်သည်တော်တို့သည် ထိန်းမနိုင်သော အခြေအနေမျိုး မဖြစ်ပေါ်စေရန် တာဝန်ယူရသည်။

၁၈း၎-၅ ယောဟန် (John) သည် ယုဒရှကာရုတ် (Judas Iscariot) က ယေရှုအားနမ်းခြင်း (မဿဲ၂၆း၄၉၊ မာကု ၁၄း၄၅၊ လုကာ ၂၂း၄၇-၄၈) ကို မဖော်ပြသော်လည်း ထိုနမ်းခြင်းသည် တမန်တော်၏ အသက်တာ၌ ပြောင်းလဲခြင်းကို ဖြစ်စေသည်။ ယေရှု အဖမ်းခံရသော အခါ၌ တမန်တော် တစ်ဦးစီ၏ အသက်တာသည် လုံးဝ ပြောင်းလဲခဲ့သည်။ ပထမဆုံး အကြိမ်အဖြစ် ယုဒ (Judah) သည် အခြားသော တမန်တော်များရှေ့၌ ယေရှုအား ဆက်ကပ်အပ်နှံခဲ့သည်။ သစ္စာဆိုခဲ့သည်။ ပထမဆုံး အကြိမ်အဖြစ် ယေရှု၏ သစ္စာခံ တမန်တော်များသည် သူ့ထံမှ ထွက်ပြေးခဲ့သည် (မဿဲ၂၆း၅၆)။ တမန်တော်တို့သည် ကြောက်ရွံ့သော နောက်လိုက်များ အဖြစ်မှ ထက်မြက်သော ခေါင်းဆောင်များအဖြစ်သို့ ပြောင်းလဲရာ၌များစွာသော စစ်ကြောမှုများကို ခံရလေသည်။

၁၈း၅-၆ လူအများတို့သည် ယေရှု၏ပြောဆိုချက်၌ သတ္တိရှိမှု၊ ‘ငါသည် ထိုသူဖြစ်သည်’ ယင်းသည် သူ၏ ဘုရားဖြစ်ကြောင်းကို ကြော်ငြာခြင်းလည်း ဖြစ်သည်ဟု ပြောဆိုခြင်းအား အံ့သြလျက်ရှိသည်။ သို့မဟုတ် လူများတို့သည် သူ၏တန်ခိုး အာဏာတော်အောက်၌ အံ့သြလျက်ရှိကြသည်။

Continue… »»


❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.