❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၈

၁၈း၁၃ အန္နတ် (Annas) နှင့် ကယာဖ (Caiaphas) တို့သည် အဆင့်မြင့်သော ယဇ်ပရောဟိတ်မင်း (High Priest) များ ဖြစ်ကြသည်။ အန္နတ်သည် AD ၆ မှ ၁၅ အထိ ယဇ်ပရောဟိတ်မင်း ဖြစ်ခဲ့ပြီး ရောမလူ (Romans) တို့မှ သူ့ကို ဖြုတ်ချခဲ့သည်။ ထို့နောက် ကာယဖ (Caiaphas) (အန္နတ်၏ သားမက်)သည် ယဇ်ပရောဟိတ်မင်းအဖြစ် AD ၁၈ မှ ၃၆/၃၇ အထိ ခန့်အပ်ခြင်းကို ခံရသည်။ ဂျူးလူမျိုးတို့၏ ဥပဒေအရ ယဇ်ပရောဟိတ်မင်းသည် သေဆုံးသည်အထိ ယဇ်ပရောဟိတ်အဖြစ် တည်ရှိသည်။ ထို့ကြောင့်လည်း ဂျူးလူမျိုးများ (Jews) တို့သည် အန္နတ်အား ယဇ်ပရောဟိတ်မင်း ဟု ဆက်လက်ခေါ်ခဲ့သည်။ အန္နတ် (Annas) သည် ဂျူးလူမျိုးများ အတွင်း၌ အာဏာဆက်၍ တည်သော်လည်း ယေရှုကို သတ်ခြင်းအမှု၌ ကယာဖ (Caiaphas) သည် အပြီးသတ်ဆုံးဖြတ်ချက်ကို ပြုသည်။ အန္နတ် (Annas) နှင့် ကယာဖ (Caiaphas) တို့သည် လူတို့အား ဘုရားသခင်ထံသို့ ဦးဆောင်ခြင်းထက် သူတို့၏ နိုင်ငံရေး အဆင့်အတန်းကိုပို၍ အလေးထားသည်။ သူတို့သည် ဘာသာရေး ခေါင်းဆောင်များ ဖြစ်ကြသော်လည်း ဆိုးသွမ်းသော သူများဖြစ်လာသည်။ ထိုပြည်၏ ဘာသာရေး ခေါင်းဆောင်များ အနေဖြင့် သူတို့သည် ဘုရားသခင် ဖော်ပြချက်ကို ပို၍ သိရှိသင့်သည်။ ယေရှုသည် ကျမ်းစာ၌ ဖော်ပြသည့် မေရှိယ (Messiah) ဖြစ်ကြောင်းကို သိရှိပြီး လူများတို့အား ယေရှုထံသို့ ညွှန်ပြရမည်ဖြစ်သည်။ ဆွဲဆောင်တတ်သော သူများသည် မကောင်းမှုများကို လုပ်သောအခါ၌ အတိုက်အခံ အားလုံးတို့ကို ဖျောက်ဖျက်လိုသည်။ ယေရှု၏ ပြောဆိုမှုများကို သူတို့၏ ကျမ်းစာမှရရှိသော အသိတရားဖြင့် ရိုးသားစွာ ဆန်းစစ်ရမည့်အစား၊ ထိုဘာသာရေး ခေါင်းဆောင်များသည် သူတို့၏ ကိုယ်ကျိုးကိုသာ ရှာဖွေခဲ့ပြီး ဘုရားသခင်၏ သားတော်ကိုပင် အသေသတ်လိုသည်။ ထိုသို့လုပ်ဆောင်ရန် လိုအပ်လျှင် လုပ်ဆောင်ရန်အသင့်ရှိသည်။

ယေရှုသည် ၁၈ နာရီမျှသော အချိန်အတွင်း နေရာ (၅) နေရာတွင် စစ်ဆေးကြားနာခြင်းကို ခံခဲ့ရသည်။ ပထမ ၂ နေရာမှာ ဂျူး (Jews) အာဏာပိုင်များ၏ ရှေ့၌ဖြစ်ပြီး အခြားသော ၃ နေရာမှာ ရောမ (Roman) အာဏာပိုင်များ ၏ ရှေ့၌ဖြစ်သည်။

Continue… »»


❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.