❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၉
၁၉း၁-၃ ယေရှုသည် ရိုက်နှက်ခံရသော ဒဏ်ရာဖြင့် သေဆုံးနိုင်သည်။ ထိုသို့ရိုက်နှက် ခံရသောအခါ၌ ရိုက်နှက်ခံရသူ၏ အပေါ်ပိုင်း အဝတ်ကို ချွတ်ပြီး လက်များကို တိုင်၌ ချည်သည်။ ရိုက်နှက်သော ကြိုးသည် အကျစ် ၃ ကြိုးရှိပြီး ခဲဖြင့် ပြုလုပ်ထားသော ဆူးများကို တပ်ထားသည်။ ရိုက်နှက်မည့် အကြိမ် အရေအတွက်သည် အပြစ် အကြီးအသေးအပေါ်၌ မူတည်ပြီး ဂျူးလူမျိုးတို့၏ ဥပဒေအရ အကြိမ် ၄၀ အထိ ဖြစ်နိုင်သည် (တရား ၂၅း၃)။ ယေရှုသည် ထိုသို့ ရိုက်နှက်ခံရ ပြီးနောက်တွင် အခြားသော နှိပ်စက်ခြင်းများကို ခံခဲ့ရသည်။
၁၉း၁ ယေရှုအား ကားတိုင်တော်သို့တင်၍ သေစေခြင်းနှင့် ပတ်သက်၍ ဤကျမ်း၌ ဖော်ပြထားမှုကို မဿဲ ၂၇၊ မာ ၁၅၊ လု ၂၃ တို့နှင့်ယှဉ်၍ ဖတ်ရှုပါ။ စာရေးသူ တစ်ဦးစီသည် အဓိပ္ပါယ်ရှိ၍ တိကျသောအရာ တစ်မျိုးစီကို ဖြည့်စွက်၍ ဖော်ပြထားသော်လည်း အဓိက ဆိုလိုချက်မှာ အတူတူပင်ဖြစ်သည်။ ယင်းမှာ ယေရှုသည် ကားတိုင်တော်၌ သေဆုံးခဲ့သည်။ ယင်းသည် ဓမ္မဟောင်း၌ ပရောဖက် (Prophet) ပြုထားသော အရာအား ပြည့်စုံစေပြီး ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏အပြစ်များမှ ကယ်တင်၍ ထာဝရ အသက်ကိုပေးသည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯