❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၉
၁၉း၁၅ ဂျူးဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား လွန်စွာမှပင် ရှင်းပစ်လိုသောကြောင့် သူတို့သည် ရောမတို့အား မုန်းတီးသော်လည်း ကဲသာ (Caesar) ဘုရင်မှတပါး အခြားဘုရင် မရှိပါဟု ဟစ်အော်ခဲ့ကြသည်။ သူတို့သည် သူတို့အား ကယ်တင်မည့် မေရှိယ (Messiah) အား ပစ်ပယ်ပြီး ရောမတို့နှင့် ပေါင်းခြင်းသည် မိုက်သော အရာဖြစ်သည်။ သူတို့၏ ပြောဆိုချက်သည် သူတို့အား စီရင်ချက်ဖြစ်စေခဲ့သည်။ သူတို့၏စစ်မှန်သော ဘုရင်ဖြစ်သည့် ဘုရားရှင်အား သူတို့သည် ပစ်ပယ်ခဲ့သည်။ ယဇ်ပရောဟိတ်မင်း (High Priest) တို့သည် လူတို့အား ဘုရားရှင်ထံတော်သို့ ညွှန်မည့်အစား မေရှိယအား သတ်ပစ်ရန်အတွက် ရောမလူမျိုးတို့နှင့် ပေါင်းခဲ့ရသည်။ ယင်းသည် နောင်အချိန်၌ ယဇ်ပရောဟိတ်မင်းများ ပျောက်ကွယ်ရန် အကြောင်းဖြစ်ခဲ့သည်။
၁၉း၁၇ ဦးခေါင်းခွံအရပ် (The place of the Skull) သည် ယေရုရှလင်မြို့ (Jerusalem) ပြင်၌ ရှိသော တောင်ကုန်းဖြစ်ပြီး အဓိကကျသော လမ်းမကြီးအနား၌ ရှိသည်။ လူအများမြင်နိုင်သော သေဒဏ်ပေးခြင်း အားဖြင့် လူများတို့အတွက် ဥပမာဖြစ်စေသည့် မြင်ကွင်းဖြစ်သည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯