❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၉

၁၉း၃၁-၃၅ ထိုရောမစစ်သည်တို့သည် အတွေ့အကြုံ ရင့်ကျက်သော သူများဖြစ်သည်။ ရာဇဝတ်သားသည် သေဆုံးခြင်း ရှိ မရှိကို သူတို့ အတွေ့အကြုံ အရသိသည်။ ယေရှုသည် သေဆုံးပြီး ဖြစ်သောကြောင့်သာ ယေရှု၏ ခြေကို မချိုးရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့သည် အခြားသော ရာဇဝတ်သားတို့၏ ခြေကို ချိုးခဲ့ကြသည်။ နံဘေးတော်ကို လှံနှင့် ထိုးဖောက်သောအခါ သွေးနှင့်ရေသည် ချက်ချင်းထွက်လာခြင်းသည် နှလုံးနှင့် နှလုံးကို ကာရံထားသော အမှေးပေါက်ခြင်းကို ပြသည်။ ယင်းသည်လည်း ယေရှုသေဆုံးခြင်း၏ သက်သေဖြစ်သည်။ လူအချို့တို့မှ ယေရှုသည် အမှန်တကယ် သေဆုံးခြင်း မရှိပါ။ သတိလစ်သွားခြင်းသာ ဖြစ်သောကြောင့် ပြန်လည်၍ အသက်ရှင် ခဲ့သည်ဟု ပြောဆိုကြသည်။ သို့သော် ဘက်မလိုက်သော ရောမစစ်သားများမှာ ယေရှုသည် ကားတိုင်တော်၌ သေဆုံးခဲ့ကြောင်း သက်သေပြုခဲ့ကြသည် (မာ ၁၅း၄၄-၄၅)။

Continue… » »


❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.