❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၁
၁း၁ ပေါလု (Paul) သည် ဤစာစောင်ကို ဧဖက်မြို့ (Ephesus) ရှိ ယုံကြည်သူများနှင့် အခြားသော ယုံကြည်သူများထံသို့ရေးသားခဲ့သည်။ ဤစာတွင် အသင်းတော် အတွင်း၌ စည်းလုံး ညီညွှတ်မှုကို မည်ကဲ့သို့ ပြုစုပျိုးထောင်ပြီး အစဉ်တည်တန့်စေရန်အတွက် အဘယ်ကဲ့သို့ လုပ်ဆောင်ရမည်တို့ကို လေးနက်စွာ သင်ကြားထားသည်။ ထိုအရေးကြီးသော အရာများကို စာစောင်အဖြစ် ရေးသားရခြင်းမှာ ထိုအချိန်၌ ရှင်ပေါလုသည် ခရစ်တော်၏ သတင်းကောင်းကို ဟောပြောသောကြောင့် အကျဉ်းချ ခံနေရသည်။ သူသည် အသင်းတော်များတို့သို့ လူကိုယ်တိုင် မလည်ပတ်နိုင်ခဲ့ပါ။ ရှေးကျမ်းစာစောင်များ၌ ‘ဧဖက်မြို့’ ဟုပြောပြထားခြင်း မရှိပါ။ ထို့ကြောင့် ဤဩဝါဒစာသည် အများအတွက် ရည်ညွှန်းရေးသား ထားသောစာဖြစ်ပေမည်။ ဤစာကို ပထမဦးစွ ဧဖက်မြို့သို့ ပို့ခဲ့ပြီး ထိုမှတစ်ဆင့် အခြားသော အသင်းတော်များကို ဖြန့်ဝေခဲ့ပေမည်။ ရှင်ပေါလုသည် ဤစာ၌ တစ်စုံတစ်ခုသော ပြဿနာ၊ ဒေသတွင်း အခြေအနေများ၊ လူတစ်ဦးအား ရည်ညွှန်း နှုတ်ခွန်းဆက်ခြင်းများကို မတွေ့ရပါ။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯