❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၁

၁း၉-၁၀ ဘုရားသခင်သည် သူ၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်ကို တမင်သက်သက် လျှို့ဝှက်ထားခြင်း မဟုတ်ပါ။ ခရစ်တော် ရှင်ပြန် ထမြောက်သည့် အချိန်အထိ ဤကမ္ဘာသည် ဘုရားသခင်၏ လုပ်ငန်းစဉ်ကို ပြည့်ဝစွာ နားမလည်နိုင်ခဲ့ပေ။ ခရစ်တော်အား စေလွှတ်ရသော ရည်ရွယ်ချက်မှာ ဂျူးလူမျိုးများနှင့် အခြားသော လူမျိုးများကို တလုံးတဝတည်း ဖြစ်စေပြီး ခရစ်တော်အား ထိုခန္ဓာ၏ ဦးခေါင်းဖြစ်စေရန် ဖြစ်သည်။ ယခုအချိန်၌ပင် လူအများသည် ဘုရားသခင်၏ လုပ်ငန်းတို့ကို နားမလည် နိုင်ကြပေ။ သို့သော်လည်း အချိန် ကျရောက်သောအခါ၌ သူသည် ကျွန်ုပ်တို့အား သူနှင့်ထာဝရ တည်ရှိရန် လုပ်ဆောင်လိမ့်မည် ဖြစ်သည်။ နောက်မှသာ လူတိုင်းသည် ထိုလုပ်ငန်းစဉ်ကို နားလည်ပေလိမ့်မည်။ ထိုနေ့၌ လူသား အားလုံးတို့က ယေရှုအား အရှင်သခင်အဖြစ် ဒူးထောက်ဦးချ ပေလိမ့်မည်။ သူတို့သည် ယေရှုအား ချစ်သောကြောင့် ဖြစ်စေ၊ သူ၏ တန်ခိုးကို ကြောက်ရွံ့သောကြောင့်ဖြစ်စေ ထိုသို့ပြုခြင်းဖြစ်သည် (ဖိ ၂း၁၀-၁၁)။

၁း၁၁ ဘုရားသခင်၏ ရည်မှန်းချက်မှာ ဤကမ္ဘာကြီးအား ကယ်တင်ခြင်းကို ပေးရန်ဖြစ်သည်။ သူသည် ရှေးကာလ ကတည်းကပင် ထိုကဲ့သို့ စီစဉ်ခဲ့သည်။ ဘုရားသခင်သည် ထာဝရ စိုးစံပြီး အရာအားလုံးတို့ကို ထိန်းချုပ်သည်။ သင်၏ အသက်တာ၌ တည်ငြိမ်မှု မရှိလျှင် ဤအရာ၌ သင်သည် ခိုနားပါ။ ထိုအရာမှာ ယေရှုသည် အရှင်သခင် ဖြစ်ပြီး အရာအားလုံးကို ထိန်းချုပ်ထားသည်။ ကျွန်ုပ်တို့အား ကယ်တင်မည့် ဘုရားသခင်၏ ရည်မှန်းချက်ကို စာတန် (Satan) မှ မည်သို့သော လုပ်ဆောင်ချက်ဖြင့်မဆို မတားဆီးနိုင်ပါ။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.