❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၂
၂း၂ ‘အာကာသ ကောင်းကင်၏ တန်ခိုးကို အစိုးရသောမင်း’ သည် စာတန် (Satan) ဖြစ်သည်။ ရှင်ပေါလု (Paul) ၏ စာဖတ် ပရိတ်သတ်များက ယုံကြည်ကြသည်မှာ စာတန်နှင့် မကောင်းသော ဝိညာဉ် တန်ခိုးတို့သည် ကမ္ဘာနှင့်ကောင်းကင် အကြား၌ ကြီးစိုးနေထိုင်သည်။ စာတန်သည် မကောင်းသော ဝိညာဉ်အဖြစ် တိုင်းနိုင်ငံတို့ အပေါ်၌ အုပ်စိုးသည်။ မကောင်းသော ဝိညာဉ်များဟု ဆိုရာ၌ နတ်ဆိုးနှင့် ခရစ်တော်ကို ဆန့်ကျင်သောသူများကို ဆိုလိုသည်။ စာတန်၏ အဓိပ္ပါယ်မှာ ‘စွပ်စွဲသောသူ’ ဟု အဓိပ္ပါယ်ရသည်။ သူအား ‘မာရ်နတ် (Devil)’ ဟုလည်းခေါ်သည် (၄း၂၇)။ ရှင်ပြန်ထမြောက်ခြင်းဖြင့် ခရစ်တော်သည် စာတန်နှင့်သူ၏ တန်ခိုးကို အောင်မြင်ခဲ့သည်။ ယေရှုခရစ်သည် ကမ္ဘာကြီးအား အဆုံးတိုင် အစိုးရသူဖြစ်၏။ စာတန်သည် သူ၏နောက်သို့ လိုက်ရန်ရွေးချယ်သော သူတို့နှင့်ကမ္ဘာကို ခဏတာ အစိုးရသူဖြစ်သည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯