❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၃
၃း၁ ရှင်ပေါလု (Paul) သည် ခရစ်တော် အကြောင်းကို ဟောပြောသောကြောင့် ရောမမြို့ (Rome) ၌ အဖမ်းခံခဲ့ရသည်။ ယေရုရှလင်မြို့ (Jerusalem) ရှိ ဘာသာရေး ခေါင်းဆောင်များ အနေနှင့် ခရစ်တော်၏ သင်ကြားမှုများသည် သူတို့ကို ထိပါးသကဲ့သို့ ခံစားရပြီး ခရစ်တော်အား မေရှိယ (Messiah) ဟု မယုံကြည် ခဲ့ကြပေ။ ထို့ကြောင့်လည်း သူတို့သည် ရှင်ပေါလုအား သစ္စာဖောက်သူ၊ ဂျူး (Jews) လူမျိုးများ ပုန်ကန်အောင် လှုံ့ဆော်ပေးသူဟူ၍ ဖမ်းဆီးစွဲချက် တင်ရန်အတွက် ရောမ အာဏာပိုင်များအား ဖိအားပေးခဲ့သည်။ ရှင်ပေါလုက ထိုအမှုအား ကဲသာ (Caesar) ဘုရင်၏ အယူခံရန် လျှောက်ထားခဲ့ပြီး ထိုသို့ ကြားနာရန်အတွက် စောင့်ဆိုင်းနေသော အချိန်ဖြစ်သည် (တမန် ၂၈း၁၆-၃၁)။ ရှင်ပေါလုသည် ဖမ်းဆီးခံနေခဲ့ရသော်လည်း သူ၌ ဖြစ်နေသော အရာများအပေါ်၌ ဘုရားသခင်မှ ထိန်းချုပ်မှု ရှိသည်ဟူ၍ ခိုင်မာစွာ ယုံကြည်ခဲ့သည်။ သင်၏ အခြေအနေများသည် ဘုရားသခင်မှ ထိန်းချုပ်မှု မရှိတော့သကဲ့သို့ ခံစားနေရ ပါသလား။ ရှင်ပေါလု ကဲ့သို့ပင် သင် သတိရ ရမည်မှာ မည်သို့သော အခြေအနေတွင်မဆို ဘုရားသခင်သည် လောကရေးရာများ အပေါ်၌ လမ်းညွှန်လျက်ရှိသည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯