❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၎
၎း၁-၂ ဘုရားသခင်သည် ဤကမ္ဘာ၌ ကျွန်ုပ်တို့အား ခရစ်တော်၏ ကိုယ်စားလှယ်များအဖြစ် ရွေးချယ်ခဲ့ လေသည်။ ဤအမှန်တရား၏ အလင်း၌ ကျွန်ုပ်တို့အား ပေးအပ်ထားသော တာဝန်နှင့်အညီ ထိုက်တန်စွာ အသက်ရှင်ရန် ရှင်ပေါလု (Paul) က စိန်ခေါ်ထားသည်။ ယင်းတွင် နှိမ့်ချခြင်း၊ ညင်သာခြင်း၊ စိတ်ရှည်ခြင်း၊ နားလည်မှုရှိခြင်း၊ ငြိမ်သက်ခြင်းနှင့် ပြည့်ဝခြင်းတို့ ပါဝင်သည်။ လူတို့က သင်၏ အသက်တာအား စောင့်ကြည့်လျက် ရှိကြသည်။ ထိုသို့ ကြည့်သောအခါတွင် သင်၌ ခရစ်တော်ကို မြင်နိုင်ပါသလား။ ခရစ်တော်၏ ကိုယ်စားလှယ်အဖြစ် သင်သည် မည်မျှ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါသနည်း။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯