❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၄ ၅ အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၆
၆း၁-၂ နာခံခြင်းနှင့် ရိုသေခြင်းတို့သည် ကွာခြားမှုရှိသည်။ နာခံခြင်းသည် ပြောဆိုခဲ့သည့်အတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။ ရိုသေခြင်းသည် အရိုအသေပေးခြင်း၊ ချစ်မြတ်နိုးခြင်းဖြစ်သည်။ သားသမီးတို့သည် ဘုရားသခင်ကို မနာခံဘဲ မိဘစကားကို နားထောင်ရန် တစ်ဘက်သတ် မိန့်မှာခြင်း မဟုတ်ပါ။ အရွယ်ရောက်သော သားသမီးများသည် လွှမ်းမိုးလေ့ရှိသော မိဘများကို အစဉ် နာခံရမည်ဟု ပြောဆိုခဲ့ခြင်း မဟုတ်ပါ။ သားသမီးများသည် မိဘများ၏ အရိပ်အောက်၌ ရှိစဉ်အခါ၌ မိဘများကို နာခံရပြီး ထိုနောက်ပိုင်း အသက်တာ၌ မိဘများကို ရိုသေရန် တာဝန်ရှိသည်။ သားသမီးများသည် မနာခံ၊ မခြေမငံ ပြုမူသော်လည်း သူတို့အား မိဘများက ညင်သာစွာ ကိုင်တွယ်ကြရမည် ဖြစ်သည်။ အမှန်အားဖြင့် ဖြစ်သင့်သည်မှာ ခရစ်ယာန် မိဘများနှင့် သားသမီးများသည် တစ်ဦးကိုတစ်ဦး နားလည်မှုယူလျက် မေတ္တာတရားဖြင့် ဆက်ဆံကြရမည်။ မိမိ၏ လိုလားချက်ကို ရှေ့တန်း မတင်ဘဲ အခြားသူ၏ လိုလားချက်ကို ရှေ့တန်းတင်ရမည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၄ ၅ အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯