❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၁
၁း၉ ရာထူး အဆင့်အတန်း မရှိသော သူများအဖြစ် အမြင်ခံရသော ခရစ်ယာန်များသည် ဝမ်းမြောက်ခြင်း ရှိသင့်သည်။ သူတို့သည် ဘုရားသခင်၏ အမြင်၌ ကြီးမြတ်သော သူများဖြစ်ကြသည်။ အသင်းတော် အတွင်း၌ပင် ကျွန်ုပ်တို့သည် ထိုသူများကို မျက်ကွယ် ပြုတတ်သော်လည်း ဘုရားသခင်သည် ထိုသူတို့အား မျက်ကွယ်မပြုပါ။
၁း၉-၁၁ ပစ္စည်းဥစ္စာသည် ဘုရားသခင်အတွက် မည်သို့သော အဓိပ္ပါယ်ကိုမျှ မဆောင်သောကြောင့် ဆင်းရဲသောသူများ စိတ်အား မငယ်သင့်ပါ။ ငွေကြေးသည် ဘုရားသခင်အတွက် မည်သည့် အဓိပ္ပါယ်ကိုမျှ မဆောင်သောကြောင့် ချမ်းသာသော သူများသည်လည်း ဝမ်းမြောက်မှု ရှိရမည်။ အဘယ်ကြောင့်ဆိုသော် ငွေကြေးသည် လူကို လွယ်ကူစွာ ပစ်ပယ်သွားနိုင်သည်။ ဘုရားသခင်ကား လူကို အလျဉ်းမစွန့်ပယ်ပါ။ ဝိညာဉ်ရေးရာ၌ တိုးတက်မှုသည် စစ်မှန်သော ကြွယ်ဝခြင်းကို ပေးနိုင်သည်။ ဘုရားသခင်သည် ခဏတာ တည်ရှိသောအရာ (ငွေကြေးပိုင်ဆိုင်မှုထက်၊ ထာဝရ တည်ရှိသောအရာ ကျွန်ုပ်တို့၏ ဝိညာဉ်) အားပို၍စိတ်ဝင်စားသည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯