❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၂
၂း၅ ရှင်ယာကုပ် (James) ၏ ဆင်းရဲသောသူဟု ဆိုရာတွင် ငွေကြေး မရှိသောသူများကို ရည်ညွှန်းသည့်အပြင် လူ့ဘောင် အဖွဲ့အစည်း၏ ဂုဏ်ကြောင့် လူ့အခြေခံတန်ဖိုး ပျောက်ဆုံး နေသော သူများကိုလည်း ဆိုလိုသည်။ ထိုသူတို့သည် အစေခံခြင်းထက် စီမံခန့်ခွဲခြင်း၊ လူမှုဆက်ဆံရေးထက် ငွေကြေးလုံခြုံမှု၊ ငြိမ်းချမ်းရေးထက် အာဏာပိုင်ဆိုင်လိုမှုကို ပို၍ အလိုရှိကြသည်။ ယင်းမှာ ဆင်းရဲသော သူတို့သည် အလိုအလျောက် ကောင်းကင်နိုင်ငံတော်သို့ ရောက်မည်ဖြစ်ပြီး ချမ်းသာသောသူတို့သည် ငရဲသို့ရောက်မည်ဟု မဆိုလိုပါ။ ဆင်းရဲသောသူတို့၌ အာဏာ၏ စွမ်းဆောင်နိုင်မှု၊ စွမ်းအားမဲ့မှုကို လူအများ သတိပြုမိကြသည်။ ထို့ကြောင့် ထိုဆင်းရဲသော သူတို့သည် ကယ်တင်ခြင်း လိုအပ်သူဖြစ်ကြောင်းကို ပြောဆိုရန် လွယ်ကူသည်။ ကြွယ်ဝချမ်းသာသော သူတို့အား ကယ်တင်ခြင်းနှင့် ပတ်သက်၍ တားဆီးမည့် ကြီးမားသောအရာမှာ မာန်မာန (Pride) ဖြစ်သည်။ ဆင်းရဲသော သူတို့၌လည်း ခါးသီးမှုကြောင့် ကယ်တင်ခြင်းတရား လက်ခံရန် အတားအဆီး ဖြစ်နိုင်သည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . Next ❯