« « မာတိကာ Table of Contents
ဧဝံဂေလိလမ်းညွှန် Evangelism Guide
ဧဝံဂေလိပြန့်ပွားရေး အဆင့် (၁)
သင်တန်းမှတ်စု
နိဒါန်း Introduction
- “အသက်တာ ပြောင်းလဲစေတဲ့ အတွေ့အကြုံ”
“ကျွန်တော့် အသက်တာမှာ စိတ်လှုပ်ရှား တက်ကြွဖွယ် အကောင်းဆုံးသော ရက်သတ္တပတ်များ”
“ကျွန်တော် အရင်ကနှင့် တူတော့မှာ မဟုတ်ဘူး”
အထက်ပါ ဖေါ်ပြချက်များသည် ဧဝံဂေလိပြန့်ပွားရေး ၆ရက် ခေါင်းဆောင်သင်တန်း (သို့မဟုတ်) ဒေသန္တရ အသင်းတော်တွင် ကျင်းပသော ၁၃ ပတ် ဧဝံဂေလိပြန့်ပွား သင်တန်းသို့ တက်ရောက်သော သင်းအုပ်ဆရာများ၊ သာသနာပြု များနှင့် ယုံကြည်သူ သာမန် အသင်းသားများ သင်တန်း အောင်မြင်စွာ ပြီးမြောက်သည့် အချိန်တွင် ကျေနပ် ဝမ်းမြောက် စွာဖြင့် နှုတ်မှ အလိုအလျောက် ပွင့်ထွက်သော ပဲ့တင်သံများပင် ဖြစ်သည်။
မြောက်များစွာသော ခေါင်းဆောင်များနှင့် သာမန် အသင်းသားများသည် အပြည်ပြည်ဆိုင်ရာ ဧဝံဂေလိ ပြန့်ပွားရေး ဌာနချုပ်သို့ အောက်ပါအတိုင်း မိမိတို့၏ ကျေးဇူး ဥပကာရ တင်ရှိခြင်းကို စိတ်အား ထက်သန်စွာဖြင့် ဖေါ်ပြ လာကြပါသည်။

- “ကျွန်တော်တို့ ကော်ပြားနဲ့ပင်ပင်ပန်းပန်း လုပ်ဆောင်နေခဲ့ ကြတဲ့အချိန်မှာ ဆရာတို့က လယ်ထွန်စက်နှင့်အတူ စက်မောင်းနည်း သင်ခန်းစာကိုပါ မစခဲ့ကြတယ်”
- “ကျွန်တော်တို့ငါးမျှားတံနှင့် ကြိုးကလေး တွေနှင့် ငါးမျှားနေခဲ့ ကြ တဲ့အချိန်မှာ ဆရာတို့က ငါးဖမ်းတဲ့ ကြိုးကြီးတွေအပြင် ငါး ဖမ်းပိုက် တွေပါ ပေးကမ်းခဲ့ကြတယ်”
- “ဤသင်တန်းဟာ ကျွန်တော်တို့ကို အချိန်မရွေး ဘယ်သူ့ကို မဆို သတင်းကောင်း ဝေမျှနိုင်အောင် စိတ်ချမှု အပြည့်အဝ ပေးခဲ့တယ်။ ဘုရားသခင်ကို အထူးချီးမွမ်းပြီး ဆရာတို့ကိုလည်း အလွန်ကျေးဇူး တင်ကြောင်း ပြောပြလိုပါတယ်”
ဧဝံဂေလိပြန့်ပွားရေး ခေါင်းဆောင်သင်တန်း တက်ရောက် ပြီးနောက် မိမိအသင်းတော်၌ ရှစ်လအတွင်း အသင်းသားသစ် ၁၀၃ ယောက် တိုးလာသော သင်းအုပ်ဆရာ တစ်ပါးက “ဧဝံဂေလိပြန့်ပွားရေး (Evangelism Explosion) နည်းပညာသည် နှစ်ဆယ်ရာစု နှစ်အတွင်း တွေ့မြင် နေရသော အသင်းတော်၌ အိပ်ပျော်နေသည့် ယုံကြည်သူ အသင်းသားများကို တစ်ဦးချင်း ဧဝံဂေလိ လုပ်ငန်း လုပ်ဆောင်နိုင်အောင် စည်းရုံးတပ်ဆင် ရာတွင် အထူး တော်လှန် ပြောင်းလဲစေသော နည်းလမ်း တစ်ရပ် ဖြစ်သည်” ဟု ဖော်ပြခဲ့ပေသည်။
၁၉၆၇ ခုနှစ်တွင် ဖလော်ရီဒါ (Florida) ပြည်နယ်၊ ဖောတ့်လောက်ဒါးလ် (Fort Lauderdale)၊ ကိုရဲလ်ရိုက် ပရက်ဘီတေးစယမ်း အသင်းတော်၌ ကျင်းပသည့် ပထမဦးဆုံးသော ဧဝံဂေလိ ပြန့်ပွား ခေါင်းသင်တန်းတွင် သင်းအုပ်ဆရာ(၃၆)ဦး၊ တက်ရောက်ကြ၍ ယင်းသင်တန်း တွင် ဤအဖွဲ့ကို တည်ထောင်သူနှင့် ဥက္ကဌဖြစ်သော ဒေါက်တာဒီဂျိမ်း(စ်) ကနေဒီ ကနေဒီ (Dr. D James Kennedy) ကိုယ်တိုင်က သင်ကြားပေးခဲ့ ပါသည်။
မကြာမှီ တည်ထောင်သူ သင်းအုပ်ဆရာနှင့် အသင်းတော်တို့သည် လေ့ကျင့်သင်ကြားမှုကို ခံယူရန် စိတ်ဆန္ဒ ပြင်းပြနေကြသော အခြားသင်းအုပ်ဆရာများ၊ သာသနာပြုများနှင့် ယုံကြည်သူ အသင်းသားများ အားလုံးတို့ကို အိမ်ရှင်အနေဖြင့် တာဝန်ယူပြီး လေ့ကျင့်သင်ကြား ပေးနိုင်မှု မရှိတော့ကြောင်း ထင်ရှားလာပါသည်။ ၁၉၇၂ ခု နှစ်တွင် ဧဝံဂေလိပြန့်ပွားခြင်း လုပ်ငန်းသည် အခြားမြို့ ကြီးများသို့၎င်း၊ ၁၉၈၃ ခုနှစ်တွင် ကမ္ဘာ့ တိုက်ကြီးများသို့၎င်း၊ ၁၉၉၆ ခုနှစ်တွင် ကမ္ဘာပေါ်ရှိ လူမျိုးများ တိုင်းနိုင်ငံများ အားလုံးသို့၎င်း ပျံ့နှံ့ရောက်ရှိ သွားခဲ့ပါသည်။
ကမ္ဘာ့လူဦးရေ တဟုန်ထိုး တိုးတက်ပြန့်ပွားခြင်းက ဧဝံဂေလိပြန့်ပွားခြင်းကို တောင်းဆိုလျက် ရှိပါသည်။ ထို့ကြောင့်ပင်လျှင် ဘုရားသခင်သည် ဤအမှုတော် လုပ်ငန်းကို ဖန်တီးပေါက်ဖွား စေခဲ့ခြင်း ဖြစ်သည်။ ယင်းအမှုတော်ကို စတင်တည်ထောင်သူက “ဧဝံဂေလိ ပြန့်ပွားခြင်း (Evangelism Explosion)” ဟု အမည် ပေးထားပါသည်။
ယခုအခါ မိတ်ဆွေအနေဖြင့် ပီပြင်ရှင်းလင်းစွာ တွေ့မြင် ရပါမည်။ ဤသင်တန်းသည် မိတ်ဆွေကို သူငယ်ချင်း အပေါင်းအသင်းများ၊ ဆွေမျိုးများ၊ လုပ်ဖေါ်ဆောင်ဖက်များနှင့် အိမ်နီးနားချင်းများ ထံသို့ ဧဝံဂေလိ သတင်းကောင်းကို ပို၍ ထိရောက်စွာ ဝေငှနိုင်ရန် လေ့ကျင့်တပ်ဆင် ပေးသွားမည် ဖြစ်သည်။ ထိုမှတဆင့် သင်သည် အခြားသူများကို အလားတူ လုပ်ဆောင် တတ်လာအောင် ထပ်ဆင့်သင်ကြား ပေးနိုင်ဖို့ အမှန်ပင် အထောက်အကူ ပြုမည် ဖြစ်သည်။
ဧဝံဂေလိပြန့်ပွားရေး (Evangelism Explosion) အမှုတော်သည် ဂိုဏ်းဂဏ္ဍ အသီးသီးမှ အသင်းတော်များ၊ တိုင်းနိုင်ငံများ အားလုံးနှင့် အဆုံးတွင် လူမျိုးနွယ်စုများ အားလုံးတို့အား မိတ်ဆွေဖွဲ့ခြင်း၊ ဧဝံဂေလိလုပ်ခြင်း၊ တပည့်တော်ဖြစ်ခြင်းနှင့် သန်စွမ်း ကြီးထွားခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်အောင် လေ့ကျင့်တပ်ဆင် ပေးရန် ရည်မှန်းထားပါသည်။
ဤမှတ်စု စာအုပ်သည် ဧဝံဂေလိပြန့်ပွားရေးဆိုင်ရာ စာအုပ်စာတမ်းများကို မိမိအိမ်နှင့် စာသင်ခန်းများတွင် လေ့လာသင်ယူ နိုင်အောင် သင့်အတွက် ပြင်ဆင် ထားပါသည်။
ဤ ဧဝံဂေလိပြန့်ပွားရေး (Evangelism Explosion) သင်တန်းသည် သင့်အသက်တာ၏ အကြီးမားဆုံးသော ကြီးထွား တိုးတက်မှုကို ရရှိစေသည့် အတွေ့အကြုံ ဖြစ်ပါစေ။ သင်သည်လည်း ထိရောက်သော ဝိညာဉ်ရသူ တစ်ဦးနှင့် တပည့်တော်စစ် တစ်ဦးအဖြစ် လေ့ကျင့် တပ်ဆင်ခြင်းကို ခံရပါစေသော်။

Scroll to Top ▲