အခန်း « Previous Next »

« « မာတိကာ Table of Contents
 

ဧဝံဂေလိလမ်းညွှန် Evangelism Guide

 

ဧဝံဂေလိပြန့်ပွားရေး အဆင့် (၁)

သင်တန်းမှတ်စု
 

အခန်း (၁)

 

ယုံကြည်သူ သာမန် အသင်းသား များအား လေ့ကျင့်တပ်ဆင်ခြင်း
အခြေခံဦးတည်ချက် = လေ့ကျင့်တပ်ဆင် ပေးခြင်း

သင့်အား အောက်ပါတို့ကို ဆောင်ရွက်နိုင်အောင် လေ့ကျင့်တပ်ဆင် ပေးမည်။

  • မယုံကြည်သူများထံ ဧဝံဂေလိ သတင်းကောင်းကို ထိရောက်စွာ ဝေငှရန်
  • အခြားဝိညာဉ် ရယူသူများ (Soul Winners) အတွက် နည်းပြတစ်ဦး ဖြစ်လာရန်
  • အသစ်ပြောင်းလဲ လာသူများအား တပည့်တော်များ ဖြစ်လာသည်အထိ လုပ်ဆောင်နိုင်ရန်၊ သင်၏ ဒေသန္တရ အသင်းတော်တွင် ဧဝံဂေလိဆင့်ပွား (ဧ-ပွား) မှုလုပ်ငန်းကို အကောင်အထည်ဖေါ် တည်ဆောက်နိုင်ရန်
  • ယေရှုခရစ်တော်၏ မဟာစေခိုင်းသော အမှုတော်မြတ်ကြီးကို ကမ္ဘာတဝှမ်းလုံးတွင် ပြီးမြောက်အောင်မြင် နိုင်ရေးအတွက် ကိုယ်တိုင်ပါဝင် ဆောင်ရွက်ရန်
သမ္မာကျမ်းစာမှ ဧဝံဂေလိ လုပ်ငန်းနှင့်ဆိုင်သော အခြေခံမှုများ

ခရစ်ယာန် အယောက်တိုင်းသည် သက်သေခံသူတစ်ဦး ဖြစ်ရမည်။

  • ယုံကြည်သူ သာမန် အသင်းသားများသည် တစ်ကမ္ဘာလုံး ဆိုင်ရာ ဧဝံဂေလိ လုပ်ငန်းအတွက် သေနင်္ဂဗျူဟာ (Strategic) အကျဆုံးသော သော့ချက်များ ဖြစ်ကြသော်လည်း အသုံးပြုခြင်း မခံရဆုံးသော သူများဖြစ်ကြသည်။
  • ခရစ်တော်၏ ပထမဦးဆုံးသော အမိန့်တော် (မာကု ၁း၁၂)
  • ခရစ်တော်၏ နောက်ဆုံးသော အမိန့်တော် (တမန် ၁း၈)
  • ယုံကြည်သူ သာမန် အသင်းသားများသည် သူတို့၏ သက်သေမခံခြင်း အတွက် ဆင်ခြေများစွာ ပေးတတ်ကြ၏။
အဘယ်ကြောင့် ခရစ်ယာန် အများစုသည် သက်သေမခံ ကြသနည်း

  • “ကျွန်တော်ဘယ်လို သက်သေခံရ မလဲဆိုတာ မသိဘူး”
  • “ကျွန်တော့်မှာ ဧဝံဂေလိ လုပ်ဖို့ ဆုကျေးဇူး မရှိဘူး”
  • “ကျွန်တော်က အသက်တာအားဖြင့် သက်သေခံ နေပါတယ်”
  • “ဒီအလုပ်ဟာ သင်းအုပ်ဆရာရဲ့ အလုပ်သာ ဖြစ်တယ်”
  • ဆုံးရှုံးခြင်းနှင့် ငြင်းပယ်ခံရ ခြင်းတို့ကို ကြောက်ရွံ့စိုးရိမ်ခြင်း
  • ဝန်ချတောင်းပန်ခြင်း မပြုရသေးသော အပြစ်ရှိနေခြင်း
  • “သက်သေခံဖို့ကျွန်တော့်မှာ အချိန်မရှိဘူး”
သန့်ရှင်းသူ(ယုံကြည်သူ)တို့ကို လေ့ကျင့်တပ်ဆင် ရန်မှာ __________ ၏ တာဝန်ဖြစ်သည်။ (ဧဖက် ၄း၁၁-၁၂)

  • ဤတာဝန်ကို ဆောင်ရွက်ရန် သော့ချက်ကျသော သာမန် အသင်းသား ခေါင်းဆောင်များသည် သင်းအုပ်ဆရာ၏ မရှိမဖြစ် လိုအပ်သော လက်တွဲဖေါ်များ ဖြစ်ကြသည်။
အကောင်းဆုံးသော လေ့ကျင့်တပ်ဆင်ခြင်း လုပ်ငန်းသည် လက်တွေ့ကွင်းဆင်းခြင်း အားဖြင့်သာ ပြီးမြောက်အောင်မြင် နိုင်သည်။

  • ယေရှုခရစ်သည် တပည့်တော်များကို လက်တွေ့ကွင်းဆင်း သင်တန်းဖြင့် လေ့ကျင့်တပ်ဆင် ပေးခဲ့သည်။ (မာကု ၃း၁၄)
  • ဧဝံဂေလိ လုပ်ငန်းသည် သင်ကြားခြင်းထက် ဝိညာဉ်ဖမ်းမိ ရရှိခြင်း ဖြစ်သည်။
  • လက်တွေ့ကွင်းဆင်း သင်တန်းသည် ဝါရင့် အတွေ့အကြုံ ရှိပြီးသူများက အတွေ့အကြုံ မရှိသေးသော သူများအား လေ့ကျင့်ပုံသွင်း ပေးနိုင်အောင် ဖန်တီးပေးသည်။
  • လက်တွေ့ကွင်းဆင်း သင်တန်းသည် တရွေ့ရွေ့တိုးတက် သင်ကြားပေးသည့် စနစ်ကို အသုံးပြုသည်။
ဝိညာဉ်ရသူများအား လေ့ကျင့်သင်ကြားပေးခြင်းသည် ဝိညာဉ်ရေးနှင့် ပတ်သက်သော လူဦးရေ တိုးပွားများပြား လာဖို့ရန် ဖြစ်သည်။

  • မိမိကိုယ်တိုင် ဝိညာဉ်များကို ရရှိခြင်း (Winning Souls) ထက် အခြား ဝိညာဉ်ရသူများ (Soul Winners) အား လေ့ကျင့်သင်ကြား ပေးခြင်းသည် ထာဝရ ကာလအတွက် ပို၍ ကြီးမြတ်သော အကျိုးသက်ရောက်မှုကို ဖြစ်ထွန်းစေပါမည်။
ဧဝံဂေလိ ပြန့်ပွားရေး၏ ရည်ရွယ်ချက်

ကမ္ဘာတဝှမ်းလုံးရှိ ဒေသန္တရ အသင်းတော်များအား မိတ်ဆွေဖွဲ့ခြင်း၊ ဧဝံဂေလိ လုပ်ဆောင်ခြင်း၊ တပည့်တော် ဖြစ်ခြင်းနှင့် သန်စွမ်းကြီးထွား စေခြင်းတို့အားဖြင့် ဆပွား တိုးပွားလာအောင် လေ့ကျင့်တပ်ဆင်လျက် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်။

 

ထာဝရ ဘုရားသခင်၏ ဘုန်းတော်ထင်ရှား စေရန်

ကျွန်ုပ်တို့ အသက်တာနှင့် အမှုတော်လုပ်ငန်းတွင် အဓိက အကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။

 

လေ့ကျင့်တပ်ဆင်ခြင်း

သင်းအုပ်ဆရာများနှင့် ယုံကြည်သူ သာမန်အသင်းသားများအား အောက်ဖေါ်ပြပါ သင်တန်းများ၌ လေ့ကျင့် သင်ကြား ပေးခြင်းအားဖြင့် အခြားသူများအား အောင်မြင်စွာ တပ်ဆင်လေ့ကျင့် သင်ကြားပေးလာနိုင် စေရန်-

  • ၆-ရက် ဧဝံဂေလိဆင့်ပွား (ဧ-ပွား) ခေါင်းဆောင်သင်တန်း (Leadership Clinics)
  • ဒေသန္တရ အသင်းတော်၌ ဧ-ပွား ၁၃-ပတ်သင် တန်းများ (13 Weeks Training Courses)

 

Continue… » »


»» View in PDF adobe_pdf_file_icon_24x24
 

အခန်း « Previous Next »

Scroll to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.