« « မာတိကာ Table of Contents
ဧဝံဂေလိလမ်းညွှန် Evangelism Guide
ဧဝံဂေလိပြန့်ပွားရေး အဆင့် (၁)
သင်တန်းမှတ်စု
အခန်း (၁)
ဒေသန္တရ အသင်းတော်များ
ဧဝံဂေလိဆင့်ပွား (ဧ-ပွား) သည် ဒေသန္တရ အသင်းတော်များ၌ အခြေခံ လုပ်ဆောင်ရသော ဂိုဏ်းဂဏ္ဍပေါင်းစုံ ပါဝင်သည့် အမှုတော်လုပ်ငန်း ဖြစ်သည်။
ကမ္ဘာတဝှမ်း
မဟာမိန့်မှာစေခိုင်းချက် (The Great Commission) ကို နာခံသောအားဖြင့် ဒေါက်တာဒီဂျိမ်းစ်ကနေဒီ (Dr. D James Kennedy) သည် ဧ-ပွားကို ၁၉၆၀ ခုနှစ်တွင် ဖောတ့်လောက်ဒါးလ်၊ ဖလော်ရီဒါ (Fort Lauderdale, Florida, USA) ၌ စတင်တည်ထောင် ခဲ့ပါသည်။ ယခုအခါ ဤအမှုတော်လုပ်ငန်းသည် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး တို့တွင်ရောက်ရှိ အကောင်အထည်ဖေါ် လုပ်ဆောင်နေပြီ ဖြစ်ပါသည်။
ဆပွားတိုးပွားခြင်း
ဧ-ပွားကို ထက်မြက်စွာ လက်တွေ့လုပ်ဆောင်သည့် အသင်းတော်များ၊ ဝိညာဉ်ရသော သူများကို လေ့ကျင့်ပေးသူ နည်းပြများ၊ ဝိညာဉ်ရသော သူများနှင့် ခရစ်တော်ထံသို့ ပို့ဆောင်ခြင်းခံရသူ ဝိညာဉ်များ (ကယ်တင်ခြင်း ရသူများ) သည် အမှန်ပင် ဆပွားတိုးပွား လာကြပါမည်။
မိတ်ဆွေဖွဲ့ခြင်း
ဧ-ပွားသည် ယုံကြည်သူများကို မိမိတို့၏ လူမှုဆက်ဆံရေး ကွန်ခြာနယ်ပယ်တွင် အသက်တာ ပုံစံတစ်ရပ် ဖြစ်သော သက်သေခံခြင်းဖြင့် သက်သေခံနိုင်အောင် လေ့ကျင့် တပ်ဆင် ပေးပါသည်။
ဧဝံဂေလိလုပ်ငန်း
ဧ-ပွား၏ ချည်းကပ်ဝေငှနည်း ပုံစံသည် အခြေခံအားဖြင့် တစ်ဦးချင်း ဧဝံဂေလိဝေငှခြင်း ဖြစ်သည်။
- သင်သည် ဧဝံဂေလိ သတင်းကောင်း တင်ဆက်ချက်၌ ပါဝင်သော အကြောင်းအရာများနှင့် သတင်းကောင်း ထိရောက်စွာ ဝေငှနည်းတို့ကို တတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားခြင်း ခံရပါမည်။
- မကြာခဏပင် “မိတ်ဆွေဖွဲ့ခြင်းဖြင့် ဧဝံဂေလိ လုပ်ဆောင်ခြင်း” သည် မိတ်ဆွေဖွဲ့ခြင်း အဆင့်ကို ကျော်လွန်ပြီး ထာဝရအသက်နှင့် ဆိုင်သည့် ဧဝံဂေလိ သတင်းကောင်း ဟောပြောဝေမျှသည့် အဆင့်သို့ မရောက်ရှိ နိုင်ခဲ့ပေ။
တပည့်တော်ဖြစ်ခြင်း
သမ္မာကျမ်းစာနှင့် ကိုက်ညီသော တပည့်တော်ဖြစ်စေခြင်းသည် ဧဝံဂေလိ လုပ်ငန်းနောက်မှ အစဉ်တစိုက် လိုက်ပါရမည့် လုပ်ငန်းဖြစ်သည်။
သန်စွမ်းကြီးထွားခြင်း
ဧ-ပွား အသင်းတော်သည် အောက်ပါ ကြီးထွားမှု (၃)မျိုးကို တွေ့ကြုံ ရရှိခံစား ရပါမည်-
- ဝိညာဉ်ရေးရာ- ဖိလေမုန် ဩဝါဒစာ အပိုဒ် ၆ တွင် မိမိတို့ ယုံကြည်ခြင်းကို နိုးကြားစွာ ဝေငှသက်သေ ခံသော ခရစ်ယာန်များသည် ဝိညာဉ်ရေးရာတွင် ကြီးထွားရင့်ကျက် လာမည်ဖြစ်ကြောင်း သွန်သင် ထားပါသည်။
- အရေအတွက်- ယုံကြည်သူ အသင်းသားများ မိမိတို့ အသက်တာကို ခရစ်တော်ထံ ဆပ်ကပ်အပ်နှံ သည်နှင့်အမျှ အသင်းတော် သည်လည်း အရေအတွက် အားဖြင့် တိုးပွားလာပါမည်။
- အဖွဲ့အစည်း- ဧ-ပွားဖြင့် လေ့ကျင့်တပ်ဆင်ခြင်း ခံရသူများသည် ပိုမိုထိရောက်သော အသင်းတော် ခေါင်းဆောင်များ၊ သင်းထောက်များ၊ ဥပုဒ်စာဖြေဆရာ (သို့မဟုတ်) ဆရာမများနှင့် အဖွဲ့ငယ်ခေါင်းဆောင်များ စသည်ဖြင့် ဖြစ်လာကြမည်ဖြစ်ပြီး၊ အဖွဲ့အစည်း အတွင်းတွင်လည်း ခေါင်းဆောင်သစ်များ ပေါက်ဖွားပေါ်ထွန်း လာပါမည်။
ထိရောက်သော ဧဝံဂေလိ လုပ်ဆောင်သည့် ဒေသန္တရလ အသင်းတော်ဖြစ်ရန် အခြေခံအချက်များ
အသင်းတော် တာဝန်ယူရသည့် အခန်းကဏ္ဍ။ အသင်းတော်သည်-
- ထိရောက်စွာ စွမ်းဆောင်နိုင်သော ဧဝံဂေလိ ဝေငှသည့် စစ်တပ်အသွင် အင်အားစု တစ်ခုဖြစ်လာ စေနိုင်ရန် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ် တစ်ခုနှင့် မေတ္တာဖြင့် စည်းလုံးညီညွတ် မှုရှိသော မိသားစု တခုဖြစ်ရမည်။
- သတင်းကောင်းပြောကြားရန် မဟာစေစားချက် ၌ တစ်လုံးတစ်ဝတည်း ဖြစ်ရမည်။
ကျွန်ုပ်တို့သည် ဧ-ပွားအမှုတော် လုပ်ငန်းကို ဆောင်ရွက်ရာတွင် ဧ-ပွား၏ ယုံကြည်ခြင်းနှင့် အခြေခံမှုများ အပေါ် သဘောတူညီမှုကို အလေးထား ဂရုပြု ကြမည်ဆိုလျှင် စည်းလုံးညီညွတ်မှု ပိုမိုတိုးတက် လာမည်ဖြစ်သည်။
Scroll to Top ▲