« « မာတိကာ Table of Contents
ဧဝံဂေလိလမ်းညွှန် Evangelism Guide
ဧဝံဂေလိပြန့်ပွားရေး အဆင့် (၁)
သင်တန်းမှတ်စု
အခန်း (၁)
စာသင်ခန်း၌ သင်ကြားခြင်း
- ဧ-ပွား သင်ခန်းစာများ စာသင်ခန်း၌ သင်ကြားခြင်းကို တစ်နာရီအတွင်း ပြီးစီးအောင် ရေးဆွဲထားပါသည်။ စာသင်ကြားမှု ပုံစံအချို့ကို အောက်ပါအတိုင်း ဖေါ်ပြအပ်ပါသည်။
- ကျမ်းစာဖတ်ခြင်း (သို့မဟုတ်) သီချင်းဆို ခြင်းနှင့် အဖွင့်ဆုတောင်းခြင်း
- အိမ်စာများ စစ်ဆေးခြင်း
- ကျက်မှတ်ရန် တာဝန်ပေးအပ် ထားသည်များကို ဖတ်ရွတ်ပြခြင်း
- သင်ခန်းစာ အသစ်များကို ပို့ချခြင်း
- ဧဝံဂေလိ သတင်းကောင်း တင်ဆက်မှုကို အပိုင်းလိုက် သရုပ်ဖော် ပြသခြင်း
လက်တွေ့ကွင်းဆင်း သင်တန်း
- ၁၃-ပါတ် သင်တန်းကာလ အတွင်း ဧ-ပွား သင်တန်းသားတိုင်းကို အဖွဲ့ဝင် ၃-ဦးစီ ပါဝင်သော ကွင်းဆင်း လည်ပတ်သည့် အဖွဲ့များ၌ ဖွဲ့စည်းတာဝန် ပေးအပ်ထားသည်။
- အဖွဲ့တိုင်းကို နည်းပြ တစ်ဦးစီက ဦးဆောင်ရမည်။ သူက တစ်ဦးချင်းအား ပုံသက်သေပြခြင်း၊ အားပေး ခြင်းနှင့် လမ်းညွှန် ပြသခြင်းတို့ကို ပြုလုပ်သည်။
- သင်တန်း ဒုတိယအပတ်မှ စတင်၍ လက်တွေ့ ကွင်းဆင်း သင်တန်းဆင်းရန် မိမိတို့၏ ရပ်ကွက်၊ လူ့အသိုင်း အဝိုင်း ရှိရာသို့ အဖွဲ့လိုက် ကွင်းဆင်း ကြရသည်။
- ဧ-ပွား ကွင်းဆင်းအဖွဲ့များ အောက်ပါအတိုင်း လုပ်ဆောင်ရင်းဖြင့် ဘုရားရှင်၏ ဦးဆောင်ဆုံစည်း ပေးခြင်းကို တွေ့မြင်ခံစား ကြရသည်။
- အသင်းတော်သို့ လာရောက်လေ့လာ လည်ပတ်ခဲ့ဘူး သူများ၏ နေအိမ်သို့ သွားရောက်လည်ပတ် ခြင်းဖြင့်၊
- နေရာဒေသ အမျိုးမျိုးတွင် မေးခွန်းလွှာများကို အသုံးချခြင်းဖြင့်၊
- ကွင်းဆင်းအဖွဲ့ တစ်ဦးဦးမှ ရှာဖွေဖန်တီး ထားသော အဆက်အသွယ် အားဖြင့်။
အစီရင်ခံတင်ပြခြင်း
- အပတ်စဉ် လက်တွေ့ကွင်းဆင်း သင်တန်း ဆောင်ရွက်ပြီးနောက် ကွင်းဆင်းအဖွဲ့ တိုင်းသည် အသင်းတော်သို့ ပြန်လာကာ လည်ပတ်မှုနှင့် ပတ်သတ်၍ အစီရင်ခံတင်ပြ ကြရသည်။
- ဤသို့ အစီရင်ခံ တင်ပြခြင်းက လမ်းညွှန် ပြသခြင်း၊ အားပေး တိုက်တွန်းခြင်းနှင့် ကိုယ်စားပြု ဆုတောင်းခြင်း တို့ကို ဖြစ်ထွန်းစေပါသည်။
အောင်လက်မှတ်ချီးမြင့်ခြင်း
- အပြည်ပြည်ဆိုင်ရာ ဧ-ပွားအဖွဲ့ကြီးက ဒေသန္တရ အသင်းတော်များတွင် အဆင့်အတန်းမြင့်သော ဧ-ပွား အမှုတော်လုပ်ငန်းကို ထိန်းသိမ်း ထားနိုင်အောင်၊ အောင်လက်မှတ် ချီးမြှင့်ခြင်း အစီအစဉ်ကို လုပ်ဆောင် ပေးထားပါသည်။
- ဤအစီအစဉ်တွင် ပါဝင်သော အစိတ်အပိုင်း အချက်အလက်များကို သင်တန်းကာလ တလျှောက်လုံးတွင် အလေးထား ဖော်ပြသွား ပါမည်။
ဧ-ပွားသင်ကြားမှု အထောက်အကူပြု ပစ္စည်းများ
ဧဝံဂေလိ ပြန့်ပွားရေး ဖတ်စာအုပ် (ပြုစုသူ Dr. D. James Kennedy)
ဧဝံဂေလိ သတင်းကောင်း တင်ဆက်မှု ကတ်ဆက်ခွေ (Cassette tape)
ဧဝံဂေလိ သတင်းကောင်း တင်ဆက်မှု ကတ်ဆက်ခွေ (Cassette tape)
- အပြီးသတ် ဝေငှထားသော တင်ဆက်မှုကို နားထောင်ခြင်းဖြင့် အခြေခံအောက်လိုင်း လေ့လာ ကျက်မှတ် ခြင်းကို အထောက်အကူ ပေးပါမည်။
သင်တန်းမှတ်စုစာအုပ် (Training Notebook)
- ဤမှတ်စုစာအုပ်က သင်တန်းသားအား ဧဝံဂေလိ ဝေငှနည်းကို ကျွမ်းကျင်စွာ တတ်မြောက်သွားစေရန် စုံလင်ပြည့်စုံ အစီအစဉ် ကျနစွာဖြင့် သင်ယူနိုင်အောင် အထောက်အကူ ပြုပေးပါမည်။
- လာမည့် အပတ်များတွင် အောက်ဖေါ်ပြပါ အစိတ်အပိုင်းများ စာရွက်စာတမ်းများနှင့် အချက်အလက်များကို တွေ့မြင်ရမည် ဖြစ်သည်။
- သင်တန်းမှတ်စုများ
- အိမ်စာနှင့် အလုပ်တာဝန်များ
- သတင်းကောင်း အခြေခံ အောက်လိုင်း (Outline) ပုံစံများ
- လေ့လာမှု လမ်းညွှန် မေးခွန်းများ
- သင်ယူမှု ကဒ်ပြားများ
ဧ-ပွားကို သင်သေချာစွာ သိပါသလား?? ဝေစါ
- ဤဝေစာတွင် ဧဝံဂေလိ သတင်းကောင်း ဝေငှချက်ကို စာအုပ်ငယ်ကလေး ပုံစံဖြင့် ဖော်ပြထားသည်။
- ဤဝေစာကို နှုတ်ဖြင့် ဧဧဝံဂေလိ တင်ဆက်ရမည့် နေရာတွင် အစားထိုးပြီး ဂျိုင်းတောက် အဖြစ်အသုံးပြုရန် မဟုတ်ပေ။
ဤဝေစာကို ထိရောက်စွာ အသုံးပြုနည်းမှာ-
- သတင်းကောင်း ဝေငှရန် အချိန်လုံလောက်မှု မရှိသည့်အခါ၌ ဖြစ်စေ မျှော်မှန်းသူဖက်မှ စိတ်ဝင်စားမှု မရှိသည့် အခါ၌ဖြစ်စေ အသုံးပြုနိုင်သည်။
- သတင်းကောင်းကို နားထောင်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မပြုခဲ့သော သူအား နောက်ဆက်တွဲ တင်ဆက်မှု အထောက်အကူပြု ပစ္စည်းအဖြစ် ပေးထားနိုင်သည်။
- အခြေခံအောက်လိုင်း ပုံစံကို အလွတ် ကျက်မှတ်ခြင်း မပြုရသေးသော သူများအတွက် ဤဝေစာကို သတင်းကောင်း တင်ဆက်ရန် တန်ဆာပလာအဖြစ် အသုံးပြုရန်။
Scroll to Top ▲