« « မာတိကာ Table of Contents


၂၃(က)း ဘယ်မျှကြီးမြတ်တော်မူသည်ကျူး
How Great Thou Art

အိုဘဘုရား စိတ်လှုပ်ရှား အံ့ဖွယ်ရာများ ကမ္ဘာဆက်ဆက်
လက်တော်ဖြင့် ဖန်ဆင်းသည် ကောင်းကင်ကြယ်နှင့် ထစ်ချုန်းသော မိုးကြိုးသံလည်း
တန်ခိုးတော်၏ သက်သေများ ဖြစ်ကြ၏။
အို ငါ့ဝိညာဉ် ကယ်တင်ရှင်အား ချီးမွမ်း ဘယ်မျှကြီးမြတ် ဘယ်မျှမြတ်သည်
အို ငါ့ဝိညာဉ် ကယ်တင်ရှင်အား ချီးမွမ်း ကြီးမြတ်တော်မူ ကြီးမြတ်မူသည်။

တောတောင်များတွင် လှည့်လည်ဖြတ်သွား ကြစဉ်ခါ ငှက်များပျော်မွေ့
ချီးမွမ်း သီဆိုသံကြား တောင်ထိပ်ပေါ်က သာယာရှုခင်း ကြည့်စဉ်ခါ
ရေစီးချောင်းနှင့် လေပြေတိုက်ခတ် လာသည်။
အို ငါ့ဝိညာဉ် ကယ်တင်ရှင်အား ချီးမွမ်း ဘယ်မျှကြီးမြတ် ဘယ်မျှမြတ်သည်
အို ငါ့ဝိညာဉ် ကယ်တင်ရှင်အား ချီးမွမ်း ကြီးမြတ်တော်မူ ကြီးမြတ်မူသည်။

အိုကယ်တင်ရှင် သားတော်ကို နှမြောခြင်းကင်း အသေခံရန်
စေလွှတ်သော ရှင်ဖြစ်သည် လက်ဝါးကပ်တိုင် ကျွန်ုပ်ပြစ်မှား ဖြေလွှတ်ရန်
ပြစ်ဝန်ထုပ်ကို ကိုယ်တော်တိုင် ထမ်းဆောင်သည်။
အို ငါ့ဝိညာဉ် ကယ်တင်ရှင်အား ချီးမွမ်း ဘယ်မျှကြီးမြတ် ဘယ်မျှမြတ်သည်
အို ငါ့ဝိညာဉ် ကယ်တင်ရှင်အား ချီးမွမ်း ကြီးမြတ်တော်မူ ကြီးမြတ်မူသည်။

ကြွေးကြော်သံဖြင့် ခရစ်တော်ကြွလာသောခါ၊ စိတ်နှလုံးတွင် ပျော်ရွှင်ခြင်း ပြည့်စုံလေ။
ပျပ်ဝပ်ကိုးကွယ် ကြည်ညို နှမ့်ချသောစိတ်ဖြင့်၊ ကြွေးကြော်မည်ကား ကြီးမြတ်တော်မူကြောင်းတည်း။

»» View in PDF


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.