၂၆း အနန္တတန်ခိုးရှင်ချီးမြှောက်ကျူး
Come Thou Almighty King
၁ ယော ၅း၇
တန်ခိုး အနန္တရှင်၊ ကြွလာ၊ မဟာဘုရင်၊ နာမ တော်အား၊ ကျွန်ုပ်တို့ ချီးမွမ်းရ၊ မစတော် မူ အဘ၊ အောင်မြင် ဘုန်းနှင့်တကွ၊ စိုးစံမူပါ။ |
ကျွန်ုပ်တို့ ယေရှုရှင်၊ အကွယ်အကာ ကြွဆင်း၊ မလဲ အံ့ငှာ၊ ရန်သူတို့ လက်ထဲက လွတ်မည် အ ကြောင်း ကယ်မ၊ ကိုယ်တော်သာ မှီတွယ်ရာ၊ နာယူမူပါ။ |
နှုတ် ကပတ်တော် ကြွလာ၊ ကျွန်ုပ်တို့ ပတ္တနာ နားညောင်းတော်မူ၊ ကိုယ်တော်၏ လူအပေါင်းတရား အ ကျိုးမြင်အောင် ကောင်းချီးများစွာ သွန်းလောင်း၊ ဆင်းသက်တော်မူ။ |
အို ဥပဇ္ဈာယ် ဆရာ၊ သက်သေတော် ခံခြင်းငှာ၊ ကြွပါ၊ ယခု၊ တန်ခိုး ခပ်သိမ်းရှိသော မဟာမြတ် ဝိညာဉ်တော် အကျွန်ုပ်တို့ အပေါ် အုပ်စိုးခြင်းပြု။ |
သုံးပါး တဆူဘုရား၊ ကိုယ်တော် အရှင်မြတ်အား ချစ်ခင် မှီဝဲ၊ အထက်ဘုံ၌ ဖူးမြှော်၊ တန်ခိုး ဘုန်း အာနုဘော်၊ ရှိတော်မူ ပါစေသော၊ အစဉ်အမြဲ။ |