« « မာတိကာ Table of Contents


၅၆း ခမည်းတော်ကမ္ဘာကျူး
This is My Father’s World

ဆာ ၈၉း၁၁-၁၈

 

ခမည်းတော်ကမ္ဘာပင်၊ ကျွန်ုပ်နားထောင်နေစဉ်၊
ကမ္ဘာတန်ဆာအပေါင်းတို့သည်၊ သီချင်းကျူးအေးသံမြည်။
ခမည်းတော်ကမ္ဘာပင်၊ ကျောက်ဆောင်၊ သစ်ပင်၊ ကောင်းကင်၊
ရေပြင်တို့ကြောင့် ဖန်ဆင်းတော်မူခြင်း၊ ကျွန်ုပ်ဧကန်မှန် သိမြင်။
 
ခမည်းတော်ကမ္ဘာပင်၊ ကောင်းကင်ငှက် ကျူးအေးခြင်း၊
နံနက်ရောင်ခြည်နှင့် နှင်းပန်းများ၊ ကျေးဇူးတော် ချီးမွမ်းကြ။
ခမည်းတော်ကမ္ဘာပင်၊ သာယာခြင်းကို တွေ့မြင်၊
လှုပ်ရှားမြက်ပင်၊ ကိုယ်တော်လျှောက်ခြင်းထင်၊ ခပ်သိမ်းနေရာ သံတော်ကြား။
 
ခမည်းတော်ကမ္ဘာပင်၊ ဘယ်ခါမျှ မမေ့ချင်၊
အမှားသည်ထကြွ တတ်သော်လည်း၊ ကိုယ်တော် အုပ်စိုးသေးသည်။
ခမည်းတော်ကမ္ဘာတည်း၊ ဘယ်ကြောင့် ဝမ်းနည်းရနည်း၊
ကိုယ်တော်သည် ဘုရင်ဖြစ်လျက်အုပ်စိုး၊ ကောင်းကင်မြေကြီး သီချင်းဆို။

 

»» View in PDF adobe_pdf_file_icon_24x24


Back to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.