« « မာတိကာ Table of Contents

၇၄း နားထောင်ကောင်းကင်သားကြွေးကြော်
Hark the Herald angels sing

လု ၂း၁၄










နားထောင်ကောင်းကင်သားကြွေးကြော်
ခုဘွားမြင်ဘုရင့်ဘုန်းတော်။
ကမ္ဘာပေါ်တွင်ငြိမ်သက်စေ။
ကောင်းကင်ဘုံတွင်ဘုန်းကြီးစေ။
ပြစ်ရှိသူများချမ်းသာ၍၊ ဘုရားသခင်နှင့်ဆုံတွေ့။
ဗက်လင်မြို့တွင်ကယ်တင်ရှင်၊ ဘွားမြင်ပြီ၊ ငါတို့သခင်။
နားထောင်ကောင်းကင်သားကြွေးကြော်၊
ခုဘွားမြင်ဘုရင့်ဘုန်းတော်။










ကောင်းကင်ဘုံသားတို့ဘုရင်၊ ထာဝရခရစ်တော်ရှင်၊
ချိန်တန်ကာလဆင်းသက်၍၊
ကညာဝမ်း၌ကိန်းအောင်းလေ။
လူ့ဇာတိကိုယ်တော်မြတ်ဆောင်။
ကယ်တင်အံ့ငှါလူတို့ဘောင်။ ဧမာနွေလဆင်းသက်ပြီ၊
လူတို့တွင်တည်တော်မူသည်။
နားထောင်ကောင်းကင်သားကြွေးကြော်
ခုဘွားမြင်ဘုရင့်ဘုန်းတော်။









ကောင်းကင်ဘွား၊ ငြိမ်သက်အရှင်။
တရားမင်း၊ ဘုန်းကြီးဘုရင်၊
အလင်းအသက်စည်းစိမ်မျိုး။
ဘေးဒဏ်ပေါင်းကင်းရှင်းတန်ခိုး။
ပေးပိုင်ရှင်သခင်မြတ်သည် လူထာဝရသက်တည်ကြည်
ရစိမ့်သောငှါကောင်းကင်မှ ဆင်းသက်သည်းခံဘွားမြင်ရ၊
နားထောင်ကောင်းကင်သားကြွေးကြော်
ခုဘွားမြင်ဘုရင့်ဘုန်းတော်။

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.