« « မာတိကာ Table of Contents


၁၀၄း အသွေးတော်ကျူး
There is a fountain filled with blood

ဇာ ၁၃း၁

 

အသွေးနှင့် ပြည့်သောတွင်း ပွင့်ပြီ၊ ဧမာနွေလ အသွေး၊ ထိုသွေးတော်၌ နှစ်
မြုပ်သူသည် အပြစ်နှင့် ကင်းစင်လေ။ အပြစ်နှင့် ကင်းစင်လေ။ အ
ပြစ်နှင့် ကင်းစင်လေ။ ထိုသွေးတော်၌ နှစ်မြုပ်သူသည် အပြစ်နှင့် ကင်းစင်လေ။
 
တိုင်၌ဆွဲသော ဓားပြသေစဉ်၊ ထိုတွင်းမြင်သော် ဝမ်းသာ၊ ငါပင်သူမျှဆိုး
ယုတ်သော်လည်း၊ အပြစ်မှ ကင်းရှင်းရာ။ အပြစ်မှ ကင်းရှင်းရာ။ အ
ပြစ်မှ ကင်းရှင်းရာ။ ငါပင်သူမျှ ဆိုးယုတ်သော်လည်း၊ အပြစ်မှ ကင်းရှင်းရာ။
 
သတ်ခြင်းခံသော၊ အို သိုးငယ်မြတ်၊ သွေးတော် တန်ခိုးမြဲတည်၊ ရွေးတော်အသင်း လုံး
စုံအချွတ်၊ အပြစ် ဖြေရှင်းတတ်၏။ အပြစ် ဖြေရှင်းတတ်၏။ အ
ပြစ် ဖြေရှင်းတတ်၏။ ရွေးတော်အသင်း လုံးစုံအချွတ်၊ အပြစ် ဖြေရှင်းတတ်၏။
 
ဒဏ်ရာတော်က အသွေးစီးယို၊ ကျွန်ုပ်မြင်စမှသည်၊ ရွေးနုတ်မေတ္တာတော်
သီချင်းဆို၊ သေခြင်း တိုင်အောင်ဆိုမည်။ သေခြင်းတိုင်အောင်ဆိုမည်။
သေခြင်းတိုင်အောင်ဆိုမည်။ ရွေးနုတ်မေတ္တာတော် သီချင်းကို၊ သေခြင်းတိုင်အောင်ဆိုမည်။
 
ထိုနောက်၊ ဤ လေးဆွံ့အ သောလျှာ၊ သင်္ချိုင်းတွင် တိတ်သော်လည်း၊ ကယ်တင်တန်ခိုး၊ ဂုဏ်
တော်အများ၊ မြင့်ကောင်းကင်၌ ဆိုမည်၊ မြင့်ကောင်းကင်၌ဆိုမည်၊ မြင့်
ကောင်းကင်၌ဆိုမည်၊ ကယ်တင်တန်ခိုး၊ ဂုဏ်တော်အများ၊ မြင့်ကောင်းကင်၌ ဆိုမည်။
 
သားတော်ယေရှု၊ ကိုယ်တော်ရှင်မြတ်၊ မထိုက်သော ကျွန်ုပ်အား၊ သွေးတော်နှင့်ဝယ်၊ ရွှေ
စောင်း ဆုလာဘ်၊ ချပေးမူမည်၊ ယုံပါ။ ချပေးမူမည်၊ ယုံပါ။ ချ
ပေးမူမည်၊ ယုံပါ၊ သွေးတော်နှင့်ဝယ်၊ ရွှေစောင်း ဆုလာဘ်၊ ချပေးမူမည်၊ ယုံပါ။
 
ထိုစောင်း၊ ခမည်းတော် နားတော်မှာ၊ နှစ်စဉ် အဆုံးမရှိ၊ ကိုယ်တော် နာမကို
တီးလိုငှါ၊ တန်ခိုးတော်ပင် ညှိ၏။ တန်ခိုးတော်ပင် ညှိ၏။ တန်
ခိုးတော်ပင် ညှိ၏၊ ကိုယ်တော်နာမ ကို တီးလိုငှာ၊ တန်ခိုးတော်ပင်ညှိ၏။

 

»» View in PDF adobe_pdf_file_icon_24x24


Back to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.