၁၁၉း ယေရှုအသွေးတော်ကျူး
What can wash away my sin?
ယေ ၉း၂၂
ငါ့အပြစ် စွန်းဆေးအံ့ငှါ၊ ရှင်ယေရှု အသွေး တတ်စွမ်းလေ။ ငါ့ကိုကျန်းမာ စိမ့်သောငှါ၊ ရှင်ယေရှု အသွေး တတ်စွမ်းလေ။ အို မြတ်လှ စီးသောသွေး၊ မိုးပွင့်လို ဖြူစင်စေ၊ ခြားစမ်းရေ ရှာမတွေ့၊ ရှင်ယေရှု အသွေးတတ်စွမ်းလေ။ |
ငါ့ကို စင်ကြယ်စေဖို့ရာ၊ ရှင်ယေရှု အသွေး တတ်စွမ်းလေ။ ငါ့အပြစ် ဖြေလွှတ်စိမ့်ငှါ၊ ရှင်ယေရှု အသွေး တတ်စွမ်းလေ။ အို မြတ်လှ စီးသောသွေး၊ မိုးပွင့်လို ဖြူစင်စေ၊ ခြားစမ်းရေ ရှာမတွေ့၊ ရှင်ယေရှု အသွေးတတ်စွမ်းလေ။ |
ငါ့အပြစ်တွက် ခံစေရန်၊ ရှင်ယေရှု အသွေး တတ်စွမ်းလေ။ ငါ့ကိုယ်စား ကုသိုလ်သွင်းရန်၊ ရှင်ယေရှု အသွေး တတ်စွမ်းလေ။ အို မြတ်လှ စီးသောသွေး၊ မိုးပွင့်လို ဖြူစင်စေ၊ ခြားစမ်းရေ ရှာမတွေ့၊ ရှင်ယေရှု အသွေးတတ်စွမ်းလေ။ |
ငါမျှော်လင့် စိတ်ငြိမ်စေရန်၊ ရှင်ယေရှု အသွေး တတ်စွမ်းလေ။ ငါဖြောင့်မတ်ခွင့် ရစေရန်၊ ရှင်ယေရှု အသွေး တတ်စွမ်းလေ။ အို မြတ်လှ စီးသောသွေး၊ မိုးပွင့်လို ဖြူစင်စေ၊ ခြားစမ်းရေ ရှာမတွေ့၊ ရှင်ယေရှု အသွေးတတ်စွမ်းလေ။ |