၁၅၈း ယုံကြည်ပါကျူး
Only trust Him
မ ၁၁း၂၉
ပြစ်နှိပ်စက်ခြင်း ခံသူတိုင်းလာ၊ ကိုယ်တော် ကရုဏာရှိ။ မိန့်တော်မြတ်ကို ယုံကြည်မူလျှင်၊ ငြိမ်းခြင်း အမှန်ရမည်။ ကိုယ်တော်မြတ်ကိုသာ ယုံကြည်ပါ။ ယခုယုံကြည်ပါ။ သင်၏အပြစ်မှ ကယ်ချွတ်မည်၊ ယခုကယ်ချွတ်မည်။ |
အပြစ်မှ ကယ်နုတ်မူလိုငှါ၊ သွေးတော်မြတ် သွန်းမူပြီ။ မိုးပွင့်ကဲ့သို့ ဖြူအောင်ဆေးလေ၊ သွေးတော်၌ နှစ်မြှုပ်ပါ။ ကိုယ်တော်မြတ်ကိုသာ ယုံကြည်ပါ။ ယခုယုံကြည်ပါ။ သင်၏အပြစ်မှ ကယ်ချွတ်မည်၊ ယခုကယ်ချွတ်မည်။ |
ယေရှု သမ္မာတရားလမ်းပေ၊ ငြိမ်သက်ခြင်းသို့ပို့ဆောင်။ ကိုယ်တော်ကို ယုံကြည်ဆိုင်းမ နေ၊ သင်သည်မင်္ဂလာရှိ။ ကိုယ်တော်မြတ်ကိုသာ ယုံကြည်ပါ။ ယခုယုံကြည်ပါ။ သင်၏အပြစ်မှ ကယ်ချွတ်မည်၊ ယခုကယ်ချွတ်မည်။ |
ဝင်ပါ၊ သန့်ရှင်းသူစည်းဝေးရာ၊ ဘုန်းတော်ခံရန်ချီတက်၊ ဝမ်းမြောက်ခြင်း အစဉ်ပြည့်စုံရာ၊ ကောင်းကင်အိမ်တွင် နေရန်။ ကိုယ်တော်မြတ်ကိုသာ ယုံကြည်ပါ။ ယခုယုံကြည်ပါ။ သင်၏အပြစ်မှ ကယ်ချွတ်မည်၊ ယခုကယ်ချွတ်မည်။ |