၁၆၅း သက်တာမုန်တိုင်းလှိုင်းထစဉ်ခါကျူး
Jesus calls us O’er the tumult
မ ၄း၁၉
သက်တာမုန်တိုင်း လှိုင်းထစဉ်ခါ၊ ယေရှု ရှင်သည် ခေါ်နေ၏။ ငါ့တပည့်တို့၊ ငါ့နောက် လိုက်လာ၊ ချိုသာလှစွာ ခေါ်နေသည်။ |
လောကီစည်းစိမ် လိုက်စားရာမှ၊ ယေရှု ရှင်သည် ခေါ်နေ၏။ ငါ့တပည့်တို့၊ သာ၍ ချစ်ပါ၊ ကိုယ်တော်ရှင် မိန့်မြွက်နေသည်။ |
ဝမ်းနည်းဝမ်းမြောက် လုပ်ကိုင်ရာမှ၊ ယေရှု ရှင်သည် ခေါ်သေး၏။ ငါ့တပည့်တို့ ခြားသူ ထက်သာ ငါ့ကိုချစ်သလား မေး၏။ |
ကရုဏာနှင့် ခေါ်နေစဉ်ခါ၊ ခေါ်သံ တော် ကြားပါရစေ။ ကိုယ်ကိုပူဇော်၊ စိတ်ကို ဆက်သ၊ ချစ်လျက်နှင့် မှုတော်ဆောင်စေ။ |