« « မာတိကာ Table of Contents


၁၇၁း သာ၍နီးအံ့ငှာဆွဲတော်မူပါကျူး
Draw me nearer

ဟေ ၁၀း၂၂

ခေါ်တော်မူသံကို ကျွန်ုပ်ကြားရပြီ။ ကိုယ်တော် ချစ်ကြောင်း
ကိုသိသည်။ ယုံကြည်ခြင်းဖြင့် ကိုယ်တော်မြတ်ထံ ပြန်တက်၊
ခြေတော်ရင်းမှာ နေလိုသည်။ ကိုယ်တော်သေခံ
ကားတိုင်တော်နားသို့ ကျွန်ုပ်သာ၍ နီးစေပါ။ သာ၍
နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါ၊ ကိုယ်တော်အပါး။

ကိုယ်တော်မှုဆောင်ရန် ခွဲခန့်မှတ်သားပါ၊ ထူးဆန်း မေတ္တာ
တန်ခိုးဖြင့်၊ ကျွန်ုပ်၏ဝိညာဉ် မျှော်လင့်မြဲမြံစေ၊
လိုရာ ကိုယ်တော်၌ရှာချင်။ ကိုယ်တော်သေခံ
ကားတိုင်တော်နားသို့ ကျွန်ုပ်သာ၍ နီးစေပါ။ သာ၍
နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါ၊ ကိုယ်တော်အပါး။

ကိုယ်တော်မြတ်ရှေ့တွင် ဆုတောင်းရခြင်းခွင့်၊ ပလ္လင်တော်နား
ချဉ်းကပ်ရာ၊ မိတ်ဆွေချင်းကဲ့သို့ တောင်းပန် ပြောဆိုခြင်း၊
ထူးလျှင် ကျွန်ုပ်နှစ်သက်လှ။ ကိုယ်တော်သေခံ
ကားတိုင်တော်နားသို့ ကျွန်ုပ်သာ၍ နီးစေပါ။ သာ၍
နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါ၊ ကိုယ်တော်အပါး။

နက်နဲလှချစ်ခြင်း ကျွန်ုပ်သိနိုင်မည်၊ သေခြင်းမြစ်ကို
ကူးပြီးမှ၊ မြင့်လှသော ဝမ်းမြောက်ခြင်း ကျွန်ုပ်မှီမည်၊
ချမ်းသာဘုံ ဝင်စားသောခါ။ ကိုယ်တော်သေခံ
ကားတိုင်တော်နားသို့ ကျွန်ုပ်သာ၍ နီးစေပါ။ သာ၍
နီးစေ၊ နီးစေ၊ နီးစေတော်မူလို၊ နီးစေပါ၊ ကိုယ်တော်အပါး။

»» View in PDF


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.