၁၈၀း ယေရှုကျွန်ုပ်လာသည်ကျူး
Jesus I come
ဆာ ၇၁း၎
ချည်နှောင်ခြင်းနှင့် ဝမ်းနည်းခြင်းထဲက ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်။ လွတ်လပ်ခြင်းနှင့် ဝမ်းသာခြင်းထဲသို့၊ ယေရှု၊ ကျွန်ုပ်လာပြီ။ ဤရောဂါက၊ ကျန်းမာခြင်းမြတ်သို့၊ ဆင်းရဲခြင်းမှ၊ ဝပြောခြင်းရဖို့ ဒုစရိုက်များက၊ ကိုယ်တော်ထံသို့၊ ယေရှု ကျွန်ုပ်လာပြီ။ |
အလွန်ရှက်ကြောက်ဖွယ် ဆုံးရှုံးခြင်းက၊ ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်။ တိုင်တော်ဖြင့် ရသောအောင်မြင်ခြင်းသို့၊ ယေရှု၊ ကျွန်ုပ်လာပြီ။ ခံရသော ဒုက္ခဝေဒနာမှ၊ ကိုယ်တော်၏ ငြိမ်သက် ဝမ်းသာခြင်းသို့။ ငိုကြွေးခြင်းမှ သီချင်းဆိုဖို့ရာ၊ ယေရှု ကျွန်ုပ်လာပြီ။ |
လောဘ၊ မာန၊ ထောင်လွှားခြင်းထဲမှ၊ ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်။ အလိုတော်ကို အစဉ်လိုက်ဘို့ရာ၊ ယေရှု၊ ကျွန်ုပ်လာပြီ။ ကျွန်ုပ်စိတ်ပျက်ခြင်း၊ အားလျော့ခြင်းမှ၊ ကိုယ်တော် မဟာ မေတ္တာတော်ထဲသို့၊ ချိုးငှက်ကဲ့သို့ ပျံတက်နေဖို့ရာ၊ ယေရှု ကျွန်ုပ်လာပြီ။ |
ကြောက်မက်ဘွယ်သော သင်္ချိုင်းတွင်းထဲက၊ ကိုယ်တော်ထံသို့ ကျွန်ုပ်လာသည်။ ကောင်းကင်အလင်း၊ သုခချမ်းသာသို့၊ ယေရှု၊ ကျွန်ုပ်လာပြီ။ တိုင်းမသိသော ပျက်စီးခြင်းထဲက၊ လုံခြုံစွာ ကိုယ်တော်၏ သိုးခြံမှာ၊ မျက်နှာတော်ကို ဖူးမျှော်နေဖို့ရာ၊ ယေရှု ကျွန်ုပ်လာပြီ။ |