၁၈၃း ကရာနီကုန်းပေါ်သွန်းကျူး
I hear Thy welcome voice
မ ၁၁း၂၈
ကရာနီကုန်းပေါ် သွန်းသော သွေးတော်ဖြင့် ဆေးကြောရန်၊ ကိုယ်တော်ရှင်မြတ်ထံသို့ ခေါ်သောသံတော် ကျွန်ုပ်ကြားရ။ ကိုယ်တော်ထံ လာသည်၊ ယခုပင် လာပြီ၊ သွန်းတော်မူသော သွေးတော်ဖြင့် ဆေးကြော စင်ကြယ်စေပါ။ |
အားနည်းယုတ်ညံ့ သော်လည်း ကိုယ်တော်အား တိုးစေပါ၊ ကိုယ်တော် ကျွန်ုပ်ပြစ် ဆေးကြောသည်၊ ဖြူစင်အောင် ပြုပါလေ။ ကိုယ်တော်ထံ လာသည်၊ ယခုပင် လာပြီ၊ သွန်းတော်မူသော သွေးတော်ဖြင့် ဆေးကြော စင်ကြယ်စေပါ။ |
ယေရှုရှင် ကိုယ်တော်သာ ပြုပြင်စောင့်မမူပေ၊ ကျေးဇူးတော် တပါးမှတပါး ထပ်ဆင့်ပေးတော်မူလေ။ ကိုယ်တော်ထံ လာသည်၊ ယခုပင် လာပြီ၊ သွန်းတော်မူသော သွေးတော်ဖြင့် ဆေးကြော စင်ကြယ်စေပါ။ |
ယုံကြည်၊ ချစ်ခင်သူကို ဝိညာဉ် သက်သေတော်ပေး၊ ကတိတော်မြတ် ပြည့်စုံစေဖို့၊ ယုံကြည်ခြင်းသာ ကုသိုလ်။ ကိုယ်တော်ထံ လာသည်၊ ယခုပင် လာပြီ၊ သွန်းတော်မူသော သွေးတော်ဖြင့် ဆေးကြော စင်ကြယ်စေပါ။ |