၁၉၈း ကိုယ်တော်နှင့်နီးစေပါကျူး
Nearer, my God to Thee
ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား၊ ကားတိုင်ဖြင့် မြှောက်သော်လည်း၊ ဤပတ္ထာနာ။ အစဉ် လျှောက်ထားလိုပါ။ ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။ |
ထွက်ပြေး ယာကုပ်ကဲ့သို့၊ နေဝင်ပြီးမှ၊ ကျောက်ခဲသာ ခေါင်းအုံးဘို့၊ ရနိုင်သော်ကား၊ ညဥ့်နက်တွင် အိပ်မက်မှာ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။ |
စီရင်တော်မူသမျှ၊ ကျွန်ုပ်လျှောက်ရာ၊ ကောင်းကင်လှမ်း တက် လှေကား ဖြစ်စေမူပါ၊ ကောင်းကင်သားနှင့် တကွ။ ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။ |
သို့လျှင်၊ နိုးသောအခါ၊ ချီးမွမ်းစိတ်ရှိ၊ ဒုက္ခကျောက် ခဲများဖြင့်၊ ဗေသလ တည်မည်။ ဆင်းရဲအားဖြင့် လျှင်သာ။ ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။ |
သို့တည်းမဟုတ်၊ ဝမ်းသာ ရွှင်မြူးသဖြင့်၊ နေလ၊ ကြယ် များ၊ လွန်လျက်၊ ပျံတက်ရလျှင်၊ အစဉ်ပင် လျှောက်လိုပါ။ ကိုယ်တော်နှင့် နီးစေပါ၊ ကိုယ်တော်နှင့် နီးစေပါ၊ ကျွန်ုပ်ဘုရား။ |