« « မာတိကာ Table of Contents


၂၀၂း လွန်မသွားပါနှင့်ကျူး
Pass me not

ကယ်တင်ရှင် လွန်မသွားပါနှင့်၊ ကျွန်ုပ်လျှောက်ပါ၏၊
ခြားသောသူနှင့် စိတ်တော်တွေ့လျှင် လွန်မသွားပါနှင့်။
ယေရှု၊ ယေရှု၊ ကျွန်ုပ်ခေါ်ပါ၏ ခြားသောသူ
ကိုခေါ်၍နေစဉ်၊ လွန်မသွားပါနှင့်။

ကရုဏာ ပလ္လင်တော်ရင်းမှာ ငြိမ်သက်ခြင်းပေးပါ၊
နောင်တစိတ်နှင့် ဒူးထောက်နေစဉ် မယုံခြင်းကယ်မ။
ယေရှု၊ ယေရှု၊ ကျွန်ုပ်ခေါ်ပါ၏ ခြားသောသူ
ကိုခေါ်၍နေစဉ်၊ လွန်မသွားပါနှင့်။

ကုသိုလ်တော်ကိုသာ ယုံကြည်လျက် မျက်နှာတော် ရှာမည်၊
ကြေမွဝိညာဉ် ကျန်းမာစေပါ၊ ကျေးဇူးဖြင့်ကယ်မ။
ယေရှု၊ ယေရှု၊ ကျွန်ုပ်ခေါ်ပါ၏ ခြားသောသူ
ကိုခေါ်၍နေစဉ်၊ လွန်မသွားပါနှင့်။

သက်သာခြင်း ကိုယ်တော်ရှင်မြတ်မှာ သက်ထက်ဖိုး ထိုက်လှ
ကိုယ်တော်အပြင် အောက်ရပ်ကောင်းကင်၊ ကျွန်ုပ်တွင်မရှိ။
ယေရှု၊ ယေရှု၊ ကျွန်ုပ်ခေါ်ပါ၏ ခြားသောသူ
ကိုခေါ်၍နေစဉ်၊ လွန်မသွားပါနှင့်။

»» View in PDF


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.