« « မာတိကာ Table of Contents


၂၁၅း ရှိသမျှစွန့်ခြင်းကျူး
All to Jesus I surrender

မာ ၁၀း၂၈

 

ကယ်တင်ပိုင်ရှင် အကျွန်ုပ်သည်၊ ရှိသမျှစွန့်၍ လိုက်မည်။
ကိုယ်တော်ရှင်သည် အကျွန်ုပ်၏၊ လမ်းပြ ကွယ်ကာရှင် ဖြစ်သည်။
ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်။
ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်။
ရှိသမျှကို ကိုယ်တော်လက်သို့ ကျွန်ုပ်သည်အပ်မည်။
ကျွန်ုပ်သည်အပ်မည်။
 
နောင်တ ရလျက် ဆုတောင်းခြင်းဖြင့်၊ ကိုယ်တော်ထံသို့ ချဉ်းကပ်လျှင်၊
ကျွန်ုပ်ဆုတောင်းခြင်းကို နားညောင်း သန့်ရှင်း ဝိညာဉ်တော် သွန်းလောင်း။
ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်။
ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်။
ရှိသမျှကို ကိုယ်တော်လက်သို့ ကျွန်ုပ်သည်အပ်မည်။
ကျွန်ုပ်သည်အပ်မည်။
 
ပြစ်များကို လုံးစုံဝန်ချပြီ၊ လောကီပျော်မွေ့ခြင်း စွန့်မည်။
ဝိညာဉ်ဘုရား၊ ကျွနု်ပ်စိတ်မှာဝင်၍ ကိန်းဝပ်တော်မူပါ။
ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်။
ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်။
ရှိသမျှကို ကိုယ်တော်လက်သို့ ကျွန်ုပ်သည်အပ်မည်။
ကျွန်ုပ်သည်အပ်မည်။
 
ကျွန်ုပ်အသက် ဆုံးသည်တိုင်အောင် ကယ်တင်ခြင်း သီချင်းဆိုမည်။
ကောင်းကင်ဆိပ်ကမ်း ရောက်သည်တိုင်အောင် ဝမ်းမြောက်ဝါကြွားရာ ဖြစ်၏။
ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်။
ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်။
ရှိသမျှကို ကိုယ်တော်လက်သို့ ကျွန်ုပ်သည်အပ်မည်။
ကျွန်ုပ်သည်အပ်မည်။

 

»» View in PDF adobe_pdf_file_icon_24x24


Back to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.