၂၂၅း ကိုယ်တော်အားဆက်ကပ်ပူဇော်ခြင်းကျူး
Consecration
ဆာ ၅၁း၁၄-၁၇
ကျွန်ုပ်အသက် လက်ခံပါ၊ ကိုယ်တော်ကို ပူ ဇော် ဆက်သ၊ နေ့ရက် အချိန်ရှိသမျှ၊ ချီးမွမ်း ခြင်းနှင့် ပြည့်စေပါ။ ချီးမွမ်းခြင်းနှင့် ပြည့်စေပါ။ |
ကိုယ်တော် ချစ်ခြင်း နှိုးဆော်ရာ၊ ကျွနု်ပ်လက်၊ မှု ဆောင်စေပါ။ ကိုယ်တော်ရှင်မြတ် အဖို့သာ ကျွန်ုပ် ခြေလျင် မြန်စေပါ၊ ကျွန်ုပ်ခြေလျင် မြန်စေပါ။ |
ကျွန်ုပ်အသံ လက်ခံပါ၊ ကိုယ်တော်ကို ချီး မွမ်း ကျူးရာ၊ နှုတ်ကပတ်တော် မြတ်နှင့်သာ ကျွန်ုပ် နှုတ်ကို ပြည့်စေပါ၊ ကျွန်ုပ်နှုတ်ကို ပြည့်စေပါ။ |
ကျွန်ုပ်ရွှေငွေ ရှိသမျှ၊ ကိုယ်တော်မြတ် လက် ခံမူပါ၊ ကိုယ်တော်မြတ် အလိုရှိရာ၊ ကျွန်ုပ် ဥာဏ်ကို သုံးမူပါ၊ ကျွန်ုပ်ဥာဏ်ကို သုံးမူပါ။ |
ကျွန်ုပ်အလို လက်ခံပါ၊ ကိုယ်တော်အလို ဖြစ်စေပါ၊ ကျွန်ုပ်စိတ် ကိုယ်တော်ပိုင်ပေ၊ ကိန်းဝပ် ရာ ပလ္လင်ဖြစ်စေ၊ ကိန်းဝပ်ရာ ပလ္လင်ဖြစ်စေ။ |
ကျွန်ုပ်ချစ်ခြင်း လက်ခံပါ၊ ခြေတော်ရင်းမှာ ချထားပါ၊ ကျွန်ုပ်ကို ယူတော်မူလျှင် ကိုယ်တော် ဖို့ ဖြစ်မည်အစဉ်၊ ကိုယ်တော်ဖို့ ဖြစ်မည်အစဉ်။ |