« « မာတိကာ Table of Contents


၂၃၂း သင်ဖို့ငါအသက်ပေးကျူး
I gave my life for Thee

ယော ၁၀း၁၅

ငါကား သင်၏အတွက် ငါ့သွေးမြတ် သွန်းလောင်း၏၊
သင်သည် ရွေးခြင်းခံလျက် သေခြင်းမှ ရှင်ရသည်။
ငါသည် သင်၏အတွက် သေ၏၊ ငါတွက် သင်ဘာ ပြုနည်း။
ငါသည် သင်၏အတွက် သေ၏။ ငါတွက် သင်ဘာ ပြုနည်း။

ခမည်းတော် နေဌာန၊ ငါ့ဘုန်း ဖုံးလွှမ်းပလ္လင်၊
မြေကြီး မှောင်မိုက်ညဥ့်မှာ၊ လှည့်လည်ရန် ငါစွန့်ဆင်း။
သင့်ဖို့ပင် ငါချွတ်ပယ် စွန့်သည်၊ ငါဖို့ သင်ဘာစွန့်နည်း။
သင့်ဖို့ပင် ငါချွတ်ပယ် စွန့်သည်၊ ငါဖို့ သင်ဘာစွန့်နည်း။

သင့်တွက်၊ သင် ကြံမမှီ၊ ဒုက္ခ ကြီးစွာခံလျှင်၊
ငရဲနှင့် သင်လွတ်မည်၊ သင်၏ကိုယ်စား ငါဝင်၊
သင်၏ အတွက်သာ ငါခံသည်၊ ငါဖို့ သင်ဘာခံနည်း။
သင်၏ အတွက်သာ ငါခံသည်၊ ငါဖို့ သင်ဘာခံနည်း။

ငါ့နေရာ ကောင်းကင်မှ၊ ပြစ်လုံးလုံး ဖြေလွှတ်ခြင်း၊
ဆုကျေးဇူး ကြွယ်ဝစွာ၊ ဆောင်ခဲ့၊ ချပေး၊ သွတ်သွင်း၊
သင့်အား ဆုများစွာ ငါပေးပြီ၊ ငါ့အား သင်ဘာလှူနည်း၊
သင့်အား ဆုများစွာ ငါပေးပြီ၊ ငါ့အား သင်ဘာလှူနည်း။

»» View in PDF


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.