« « မာတိကာ Table of Contents


၂၃၃း ကိုယ်တော်အားအကောင်းဆုံးကိုပေးပါကျူး
Give of your best to the Master

၁ တိ ၄း၁၂

ပျိုရွယ်စဉ်ခါ သင်၏ခွန်အား၊ ကိုယ်တော်ရှင်အား ပူဇော်ပါ၊
ပျိုရွယ်စဉ်ခါ သင်၏ခွန်အား၊ ကိုယ်တော်ရှင်အား ပူဇော်ပါ၊
သစ္စာဘက်မှာ စစ်တိုက်သောခါ၊ ဝိညာဉ်စိတ်အား ကြီးခြင်းပြ၊
ကယ်တင်ခြင်း စစ်တန်ဆာဆင်ပါ။ သစ္စာဘက်က ဝင်တိုက်ပါ။
ယေရှုရှင်သည် ပျိုရွယ်စဉ်ခါ၊ ပြသောပုံစံကို လိုက်ပါ။
သစ္စာနှင့်မှုတော် ဆောင်ရွက်ပါ၊ အမြတ်ဆုံးသာ ပူဇော်ပါ။

အမြတ်ဆုံးကိုသာ ပူဇော်ပါ၊ စိတ်နှလုံး ကြွင်းမဲ့ချစ်ပါ၊
ပျိုရွယ်စဉ်ခါ သင်၏ခွန်အား၊ ကိုယ်တော်ရှင်အား ပူဇော်ပါ၊
ကိုယ်တော်ဖို့သာ မှုတော်ဆောင်ပါ၊ ရှိသမျှကို ပူဇော်ပါ၊
ကယ်တင်ခြင်း စစ်တန်ဆာဆင်ပါ။ သစ္စာဘက်က ဝင်တိုက်ပါ။
လှူလျှင် သင်သည် ရပြန်လိမ့်မည်၊ သားတော်ကိုပင် ပေးခဲ့ပြီ၊
ကျေးဇူးတင်လျက် မှုတော်ဆောင်ပါ၊ အမြတ်ဆုံးသာ ပူဇော်ပါ။

အမြတ်ဆုံးကိုသာ ပူဇော်ပါ၊ ခြားအရာ မထိုက်တန်ပါ၊
ပျိုရွယ်စဉ်ခါ သင်၏ခွန်အား၊ ကိုယ်တော်ရှင်အား ပူဇော်ပါ၊
ကောင်းကင်ဘုန်းကို စွန့်ပစ်ပြီးခါ၊ သင့်ကိုကယ်ရန် မြေပေါ်လာ၊
ကယ်တင်ခြင်း စစ်တန်ဆာဆင်ပါ။ သစ္စာဘက်က ဝင်တိုက်ပါ။
ပျက်စီးခြင်းမှ ကယ်တင်ဖို့ရာ၊ မညည်းထွားဘဲ သက်စွန့်ရှာ။
စိတ်ဝိညာဉ်နှင့်သာ ကိုးကွယ်ရာ၊ အမြတ်ဆုံးသာ ပူဇော်ပါ။

»» View in PDF


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.