၂၅၁း ကယ်တင်ရှင်၊ သိုးထိန်းလိုလမ်းပြကျူး
Saviour, Like a Shepherd Lead Us
ဆာ ၂၃း၁
ကယ်တင်ရှင်၊ သိုးထိန်းလို လမ်းပြ၊ ကိုယ်တော်စောင့်မရန် လိုပါ၊ စိမ်းလန်း ကျက်စားရာတွင် ကျွေးမွေး၊ ပြင်ဆင်ပါ ခြံတော်ဖို့ပေ၊ သန့်ရှင်း ယေရှု၊ ကိုယ်တော်မြတ်သည်၊ ကျွန်ုပ်တို့ကို ဝယ်ယူပြီ၊ သန့်ရှင်း ယေရှု၊ ကိုယ်တော်မြတ်သည်၊ ကျွန်ုပ်တို့ကို ပိုင်မူ၏။ |
ကိုယ်တော် ပိုင်သောကြောင့် ကွယ်ကာပါ၊ လမ်းရှောက်သွားစဉ် လမ်းပြပါ၊ သိုးစုတော်ကို ပြစ်မှကွယ်ကာ၊ လမ်းမှားသော် လိုက်ရှာမူပါ၊ သန့်ရှင်း ယေရှု၊ ကိုယ်တော်မြတ်သည် ကျွန်ုပ်တို့ ဆုတောင်းသောခါ၊ သန့်ရှင်း ယေရှု၊ ကျွန်ုပ်တို့၏ ဆုတောင်းသံကို နားညောင်းပါ။ |
ဆင်းရဲ၍ ပြစ်နှင့်ပြည့်သော်လည်း၊ လက်ခံမည် ကတိရှိပြီ၊ ကယ်တင်ရန် ဂရုဏာတော်ရှိ၊ ဆေးကြော ကယ်လွှတ်ရန် စွမ်း၏။ သန့်ရှင်း ယေရှု ကိုယ်တော်မြတ်ထံ၊ လျင်မြန်စွာ ပြောင်းလဲစေပါ၊ သန့်ရှင်း ယေရှု၊ ကိုယ်တော်မြတ်ထံ၊ လျင်မြန်စွာ ပြောင်းလဲစေပါ။ |
ငယ်စဉ်ခါ၊ မျက်နှာတော်ကိုရှာ၊ အလိုတော်လိုက်ရန် စောင့်မ၊ ကယ်တင်ပိုင်ရှင်၊ ကိုယ်တော်ကိုသာ၊ ချစ်လို့ငှာ ခွင့်ပေးသနား၊ သန့်ရှင်း ယေရှု၊ ကိုယ်တော်မြတ်သည် ချစ်တော်မူ ကျွန်ုပ်တို့အား၊ သန့်ရှင်း ယေရှု၊ ကိုယ်တော်မြတ်သည် ယခုတိုင်အောင် ချစ်မူပါ။ |