၂၅၄း လမ်းတလျှောက်လုံးကျူး
All the way
ကယ်တင်ရှင် ငါ့ကိုလမ်းပြသည်၊ ဘယ်တောင့်တရန် ရှိသနည်း၊ ငါ့ကို လမ်းပြတော်မူ ရှင်အား၊ ယုံမှားခြင်း ရှိရမည်လား၊ ဤဘဝ အသက်ရှင်သည်တွင်၊ စုံစမ်းခြင်း မျိုးမျိုးတို့ပင် ဖိစီးနှိပ်စက် လာသောအခါ၊ ကိုယ်တော် စီရင်တိုင်း ဖြစ်ပါ၊ ပါ။ |
ကယ်တင်ရှင် ငါ့ကိုလမ်းပြစဉ်၊ ထောက်မ အားပေးလျက် နှင့်ပင်၊ စုံစမ်းခြင်းကို ခံနိုင်ဖို့ရာ၊ ကျွေးတော်မူ အသက် မုန့်မှာ၊ ခွန်အားပြည့်လျက် မောပန်းခြင်းကင်း၊ သောက်လျက်နေ သက်စမ်းရေတွင်း၊ ပလ္လင်တော် ရှေ့မှထွက်စီးလေ၊ ဝမ်းမြောက်ခြင်း စမ်းရေမြင်ပေ၊ ပေ။ |
ကယ်တင်ရှင် ငါ့ကိုလမ်းပြသည်၊ ကိုယ်တော် ချစ်ခြင်း အံ့ဖွယ်တည်း၊ ထက် အဖအိမ်တော်တွင် ငြိမ်းစွာ၊ နေစိမ့်ငှာ ကတိတော်ထား၊ ကျွန်ုပ်ဝိညာဉ် အတောင်ဖြန့်လျက် ထွန်းတောက် ကောင်းကင်သို့ပျံတက်။ ထိုအခါစဉ် သီချင်းဆိုမည်၊ ယေရှု ငါ့ကို လမ်းပြပြီ၊ ပြီ။ |