၂၇၄း ကျောက်မြဲကျူး
My hope is built on nothing less
ဆာ ၉၄း၂၂
ငါ့မျှော်လင့်ခြင်း အမြစ်တည်ရာ၊ ခရစ်တော်၏ အသွေးမြတ်သာ၊ ငါ၏ကျင့်ဝတ် မှီဖွယ်မရှိ၊ နာမတော် ကုသိုလ်အောင် သတည်း။ ကျောက်မြဲ ခရစ်တော် ငါခိုလှုံ၊ အခြားတည်ရာရှိ ရှိသဲနှုံး၊ အခြားတည်ရာရှိ ရှိသဲနှုံး။ |
ရွှေမျက်နှာတော် အလင်းကွယ်လျှင်၊ တည်မြဲ ကရုဏာတော် ခိုဝင်၊ လေပြင်းကျ၍ လှိုင်းထလျှင်လည်း၊ ကုလားကာထဲ ကျောက်စွဲနေမည်။ ကျောက်မြဲ ခရစ်တော် ငါခိုလှုံ၊ အခြားတည်ရာရှိ ရှိသဲနှုံး၊ အခြားတည်ရာရှိ ရှိသဲနှုံး။ |
ရေလွှမ်းအားကြီး ပတ်လည်ပြိုသော်၊ ကတိ ပဋိညာဉ်နှင့် သွေးတော်၊ ငါ့ကိုထောက်မ၊ ကိုယ်တော်သာလျှင် ငါမျှော်လင့်ခြင်း၊ မှီဝဲရာပင်။ ကျောက်မြဲ ခရစ်တော် ငါခိုလှုံ၊ အခြားတည်ရာရှိ ရှိသဲနှုံး၊ အခြားတည်ရာရှိ ရှိသဲနှုံး။ |